Skype မှ ဝန်ဆောင်မှုများမှာ အထက်ပါ ၆ နိုင်ငံ အပါအဝင် အခြား ၄၂ နိုင်ငံရှိ ကြိုးဖုန်းများကို ခေါ်ဆိုနိုင်ခြင်း ဖြစ်သော်လည်း Unlimited အကောင့် တစ်ခုအတွက် ငွေကျပ် ၃ သောင်း ပေးသွင်းရပြီး မိမိကြိုက်နှစ်သက်ရာ နိုင်ငံ တစ်ခုတည်းကို အရေအတွက် ကန့်သတ်ချက် မရှိ ဖုန်းပြောနိုင်ရန် အတွက်မှာ ငွေကျပ် ၁ သောင်းသာ ပေးသွင်းရကြောင်းလည်း သိရသည်။ ထိုအတွက် သာမန် Skype ၏ ဝန်ဆောင်မှုနှင့် ယခု တစ်နိုင်ငံချင်း အလိုက် ပေးသည့် ဝန်ဆောင်မှုများတွင် အားနည်းချက်များ၊ အားသာချက်များ ရှိကြောင်းလည်း သိရသည်။ Skype ဝန်ဆောင်မှုနှင့် တစ်နိုင်ငံချင်း အလိုက် ဝန်ဆောင်မှု ကွာခြားချက်များ အကြောင်းကို ကိုဇော်မင်းထိုက်က “အဲဒီမှာ Skype ရဲ့ ပုံမှန် ဝန်ဆောင်မှုက ၃ သောင်း သွင်းရပြီး စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါနဲ့ ထိုင်း ၆ နိုင်ငံ အပြင် အခြား ၄၂ နိုင်ငံမှာရှိတဲ့ ကြိုးဖုန်းတွေကို အရေအတွက် ကန့်သတ်ချက်မရှိ ဖုန်းခေါ်နိုင်တယ်၊ ပြောနိုင်တယ်။ ကျွန်တော်တို့ပေးတဲ့ ဝန်ဆောင်မှုကတော့ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါနဲ့ ထိုင်း ၆ နိုင်ငံကို မိမိကြိုက်တဲ့ တစ်နိုင်ငံချင်း အလိုက်ပဲ ဖုန်းခေါ်နိုင်မယ်၊ ဒါပေမဲ့ ရက် ၃၀ အတွင်း သွင်းရတဲ့ ငွေကတော့ ၁ သောင်းကျော်လောက်ပဲ ကျသင့်တယ်။ ဒီအချက်ကတော့ အားသာသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ယခုပေးသော Skype ဝန်ဆောင်မှုများမှာ မိမိထံတွင် အင်တာနက်ရှိရန် လိုအပ်ပြီး အင်တာနက် မရှိသူများ အနေနဲ့ နိုင်ငံတကာသို့ ခေါ်ဆိုလိုသူများ အဖို့ မိမိတွင် ကြိုးဖုန်းတစ်လုံး (သို့မဟုတ်) ဟန်းဖုန်း တစ်မျိုးမျိုး ရှိထားရန် လိုအပ်ပြီး အဆိုပါ ဖုန်းများမှ တစ်ဆင့် တိုက်ရိုက် ခေါ်ဆိုနိုင်ရန် အတွက်လည်း ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း - ၀၉ ၇၃၁၄၅၃၉၈ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
0 comments:
Post a Comment