Wednesday, December 28, 2011

နောက် ၁၂ နာရီအတွင်း အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမည်

ဒီဇင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် ရရှိသည့် NRL data များအရ ဆိုင်ကလုန်းမုန်တိုင်း THANE သည် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် ချင်နိုင်း(CHENNAI)မြို့ ၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၃၃၀ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း အနောက်-အနောက်တောင်ဘက် ၅၇၅ မိုင်ခန့်၊ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၇၂၀ ခန့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက် ဗဟိုပြုနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း အနောက်-အနောက်တောင်ဘက်သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း THANE သည် ပိုမိုအားကောင်းလာကာ အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့  ၁၂ နာရီအတွင်း(ဒီဇင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃၀ နာရီခန့် တွင်) ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
ဆိုင်ကလုန်းမုန်တိုင်း THANE သည် ဒီဇင်ဘာလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲခန့်တွင် အပူပိုင်ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြန်လည် အားလျော့သွားကာ ချင်နိုင်းမြို့အရှေ့ဘက် မိုင် ၁၆၀ ခန့်သို့ ရောက်ရှိ၍ အနောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဖြစ်ကာ ဒီဇင်ဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီ (နောက် ၄၈ နာရီအတွင်း) ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
As tc 06b tracks westward, it will encounter another 5 to 10 knots of vertical wind shear, and coupled with the loss of its deep moisture source, will begin to weaken before it makes landfall near chennai, India.
Tropical Cyclone 06B THANE
27 Dec 2011 1200Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် ညနေ ၁၈၃၀ နာရီ)
Location: 12.7 86.4
Winds: 60 knots
Central Pressure: 978 hPa
27 Dec 2011 1800Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၇ ရက် ည ၂၄၃၀ နာရီ)
Location: 12.4 86.2
Winds: 60 knots
Central Pressure: 978 hPa
28 Dec 2011 0000Z (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၈ ရက် နံနက် ၀၆၃၀ နာရီ)
Location: 12.1 85.2
Winds: 60 knots
Central Pressure: 978 hPa

JTWC မှ ထုတ်ပြန်သည့် သတိပေးချက် အမှတ်စဉ် ၁၀ တွင် ဖေါ်ပြထားသည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း THANE ၏ လမ်းကြောင်းပြပုံ(အပေါ်)မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် တွေ့မြင်ရသည့် မုန်တိုင်းတိမ်တိုက် ဂြိုလ်တုဓါတ်ပုံ(အောက်)


ဒီဇင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် တွေ့မြင်ရသော ဆိုင်ကလုန်းမုန်တိုင်း THANE ၏ တိမ်ထုစုဖွဲ့မှုနှင့် တိမ်ထိပ်အပူချိန်များပြပုံ (အောက်)

MMW Blog Mobile Link http://tinyurl.com/6h4nyso

2 comments to Tropical Cyclone THANE – နောက် ၁၂ နာရီအတွင်း အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမည်

  • mmweather.ygn
    ဒီဇင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data အရ THANE သည် အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း အဆင့် သို့ ရောက်ရှိလာပြီး မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ မှ ၈၅ မိုင်အထိရှိလာပြီဖြစ်ပါသည်။ နောက်ဆုံးရရှိသည့် data များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့ဘက် ၃၁၅ မိုင်ခန့်၊ ပို့ဘလဲယားကျွန်း၊ ပို့ဘလဲယားမြို့ အနောက်ဘက် မိုင် ၅၄၀ ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၇၄၀ ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး၊ အနောက်ဘက်သို့ တစ်နာရီ ၁၁ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိပါသည်။
    မုန်တိုင်းဗဟိုတွင် မုန်တိုင်းဒီလှိုင်း အမြင့် ပေ ၂၀ အထိရှိနိုင်ပြီး၊ မူလမ်းကြောင်း ပြောင်းလဲမှု အနည်းငယ်သာရှိကာ လာမည့် ၄၈ နာရီအတွင်း(ဒီဇင်ဘာ ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီ) တမီလ်နာဒူးပြည်နယ်၊ ချင်နိုင်း(Chennai – ယခင် Madras)မြို့ တောင်ဘက် ၂၂ မိုင်ခန့်အကွာ၊ Covelong မြို့နှင့် Mahabalipuram မြို့တို့ အကြားမှ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည် ဟု ခန့်မှန်းထားပါသည်။
    06B THANE – 28 Dec 2011 0600Z
    Location: 12.1 84.8
    Winds: 65 knots (Category 1)
    Central Pressure: 974 hPa

  • mmweather.ygn
    မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် မိုးအနည်းငယ်မျှ ရွာသွန်းမှု ရှိကြောင်း WUND data များတွင် တွေ့ရှိရပါသည် -
    နေပြည်တော် ပျဉ်းမနား (၁၂၃၀ နာရီ)
    Temperature: 72°F / 22°C | Humidity: 77% | Pressure: in / hPa () | Conditions: Rain | Wind Direction: West | Wind Speed: 5mph / 8km/h
    မန္တလေး (၁၂၃၀နာရီ)
    Temperature: 69°F / 20°C | Humidity: 100% | Pressure: 30.06in / 1018hPa () | Conditions: Light Drizzle | Wind Direction: | Wind Speed: 0mph / 0km/h
    ညောင်ဦး (၁၂၃၀ နာရီ)
    Temperature: 70°F / 21°C | Humidity: 88% | Pressure: 30.08in / 1018hPa () | Conditions: Light Drizzle | Wind Direction: | Wind Speed: 0mph / 0km/h
    မုံရွာ (၀၆၃၀ နာရီ)
    Temperature: 69°F / 21°C | Humidity: 92% | Pressure: 30.02in / 1016hPa () | Conditions: Light Drizzle | Wind Direction: SE | Wind Speed: 1mph / 2km/h
    မင်းဘူး (၁၂၃၀ နာရီ)
    Temperature: 66°F / 19°C | Humidity: 91% | Pressure: in / hPa () | Conditions: Rain | Wind Direction: West | Wind Speed: 8mph / 13km/h
    ကလေးမြို့ (၀၆၃၀ နာရီ)
    Temperature: 63°F / 17°C | Humidity: 88% | Pressure: in / hPa () | Conditions: Rain | Wind Direction: West | Wind Speed: 2mph / 3km/h
    မင်းတပ် (၁၂၃၀ နာရီ)
    Temperature: 58°F / 14°C | Humidity: 98% | Pressure: in / hPa () | Conditions: Rain | Wind Direction: | Wind Speed: 0mph / 0km/h
    ဖလမ်း (၀၆၃၀ နာရီ)
    Temperature: 58°F / 15°C | Humidity: 95% | Pressure: in / hPa () | Conditions: Rain | Wind Direction: West | Wind Speed: 3mph / 4km/h
    ဂန့်ဂေါ (၀၆၃၀ နာရီ)
    Temperature: 63°F / 17°C | Humidity: 93% | Pressure: in / hPa () | Conditions: Rain | Wind Direction: West | Wind Speed: 2mph / 3km/h
    လားရှိုး (၁၂၃၀ နာရီ)
    Temperature: 65°F / 18°C | Humidity: 86% | Pressure: 30.03in / 1017hPa () | Conditions: Light Drizzle | Wind Direction: | Wind Speed: 0mph / 0km/h
    တောင်ကြီး (၁၂၃၀ နာရီ)
    Temperature: 56°F / 13°C | Humidity: 99% | Pressure: in / hPa () | Conditions: Light Drizzle | Wind Direction: SE | Wind Speed: 2mph / 4km/h

0 comments:

Post a Comment