Monday, December 19, 2011

မြောက်ကိုရီးယား ကွန်မြူနစ် ခေါင်ဆောင် ကင်ဂျုံအီကွယ်လွန်


လွန်ခဲ့တဲ့ စနေနေ့က အသက် ၆၉ နှစ်အရွယ်ရှိတဲ့
 မြောက်ကိုရီးယား ကွန်မြူနစ် ခေါင်ဆောင် ကင်ဂျုံအီသည် နှလုံး
ရောဂါနဲ့ ခရီးသွားရင်း ရထားပေါ်မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နိုင်ငံတကာ
အွန်လိုင်းသတင်းများတွင် သူ့ရဲ့
နျူကလီးယား စီမံကိန်းတွေကို ဘယ်သူ
ဆက်လက် ထိန်းချုပ်မလဲဆိုတာ အလွန်စိတ်ဝင်တစား
ရေးသားနေတာကို တွေ့ရမှာဖြစ်ပါတယ် ။

မျက်ရည်တွေဝဲနေတဲ့ မြောက်ကိုရီးယား သတင်းဌာနရဲ့
သတင်းကြော်ငြာသူအမျိုးသမီးကတော့ကျွန်မတို့ ခေါင်းဆောင်ကြီး
ကင်ဂျုံအီတစ်ယောက် ကွင်းဆင်းစီမံညွန်ကြားချက်တွေကြောင့် စိတ်ရောကိုယ်ပါ
ပင်ပန်းလို့ ဒီခရီးမှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ အနက်ရောင် ဝတ်စုံကို
ဝတ်ဆင်ပြီး ကင်ဂျုံအီအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်နဲ့
သတင်းကြော်ငြာသွားခဲ့ပါတယ် ။

ကင်ဂျုံအီရဲ့သား ဖြစ်တဲ့ ကင်ဂျုံအွန် ကိုတော့ KCNA မြောက်ကိုရီးယား
နိုင်ငံပိုင်သတင်းဌာနာက ဖခင်အရိုက်ရာကို လူမျိုး ၊ ပါတီ နဲ့
တပ်မတော်အတွက် ဆက်ခံမယ့် ဂုဏ်ယူဖွယ်ရာသားအဖြစ်
ချီးမြှောက်ဖော်ပြသွားတာကို ဆက်လက်သိရပါတယ် ။


တရုတ်သတင်းဌာနတစ်ခုက ထုတ်လွှင့်သွားတဲ့ Video သတင်းမှာ မြောက်ကိုရီးယား
မြို့တော် ပြုံးယမ် က လူထုကြီး သူတို့ခေါင်းဆောင်သေဆုံးကြောင်း
သတင်းကြားရလို့ မျက်ရည်ကျကြတဲ့ ရိုက်ကွက်တွေကို ထုတ်လွင့်သွားပါတယ် ။
နာကျင်စေသော စာလုံးများလို့တောင် ခိုင်းနှိုင်းသွားတာကိုလဲတွေ့ရပါတယ် ။

အသက် ၅၅  နှစ်ရှိပြီဖြစ်တဲ့ သတင်းကြော်ငြာသူ "ဆောင်ချိုး" KCNA ရဲ့
ကိုးကားဖော်ပြချက်တွေမှာတော့ ငါတို့ဒီနေ့ နဲ့ မနက်ဖြန်တွေအတွက်
ကွန်မြူနစ်သွေးသောက်ရဲဘော်ကြီး ကင်ဂျုံအီ နဲ့သား ကင်ဂျုံအွန် ရှိနေတဲ့
အောင်မြင်မှု့ဆိုတာရှိနေမှာပဲလို့ တရားဝင်ကြော်ငြာသွားခဲ့ပါတယ် ။

ဘာပဲဖြစ်ဖြစ် ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့ မြောက်ကိုရီးယားနိုင်ငံ ၊
နျူကလီးယားစီမံချက်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့
နိုင်ငံတစ်နိုင်ငံဖြစ်သော်လဲ ပြုံးယမ်က လူထုတွေ ကတော့
သူတို့ခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်မှုအတွက် အားငယ် ပူဆွေးရပါပြီလို့
စုပေါင်းဖော်ပြကြတာကိုလဲ တွေ့ရမည်ဖြစ်ပါတယ် ။

0 comments:

Post a Comment