Monday, June 3, 2013

သင်....ဗုဒ္ဓဘာသာဝင်ဆိုလျှင်....?....ဖတ်ပါ...


အို............ဗုဒ္ဓဘာသာဝင် အပေါင်းတို့ သင်ဟာဗုဒ္ဓဘာသာဝင် တယောက် ဖြစ်တယ်ဆိုရင် ဘာသာရေးလုပ်သည်ဖြစ်စေ

မလုပ်သည်ဖြစ်စေ နှစ်သက်လို့ကိုးကွယ်သည်ဖြစ်စေ မိရိုးဖလာအရ ကိုးကွယ်သည်ဖြစ်စေ ယခုကျနော်တင်ပြတာလေးကို

ခဏလောက်အချိန်ပေးဖတ်စေလိုပါတယ်၊ ယနေ့ခေတ်လို တိုးတက်ဖြစ်ထွန်းနေသော သိပ္ပံ၊နည်းပညာ၊ရုပ်ဝါဒီ များကြီးစိုး

နေသောအချိန်အချို့သောဘာသာ တို့ကလည်း အနုနည်းဖြင့်ချော၍ တခါ အကြမ်းနည်းများသုံး၍ ခြိမ်းချောက် သတ်ဖြတ်

အတင်း အဓ္ဓမဘာသာဆွယ် နေချိန် ကမ္ဘာ့လူဦးရေ၏(68) ရာ ခိုင် နှုန်းကျော်ကို အကြောက် တရားဖြ င့် စိုး မိုး ထားသော

ဘာသာကြီးတခုကလွှမ်းမိုးချုပ်ကိုင်ထားချိန် ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်များအနေဖြင့်ရောယနေ့ဘာလုပ်နေကြသနည်း???

ကျနော်ဆက်ဆွေးနွေး ပါမည်ကျနော်တို့ ဘာသာတွင်ခေတ်စနစ်နှင့်အညီဘုရားဟောကျမ်းများကို ပြုပြင်၊ ပြင်ဆင်၊ကျင့်သုံး
မည်ဆိုသော မဟာယန အယူတခု၊ ဘုရားဟောကြားသော အဘိဓမ္မာ ခုနှစ်ကျမ်း၊၀ိနည်းငါးကျမ်း၊သုတ္တန် ဒေသနာသုံးကျမ်း

တို့ကို မပြုပြင် ဘဲလိုက်နာကျင့်သုံးနေသောလက်ရှိကျနော်တို့ကျင့်သုံးနေသောထေရ၀ါဒအယူတခု ဖြင့်ဗုဒ္ဓဘာသာကိုကိုးကွယ်

ခရီးဆက်နေကြပါသည်၊






ဤတွင်ကျနော် အဓိကဆွေးနွေးချင်သော ( ဒါန )အကြောင်းစပြောပါတော့မည် မဟာယန ဘဲဖြစ်ဖြစ် ထေရ၀ါဒ ဘဲဖြစ်ဖြစ် ဒါန

ဆိုသောအလှူအတန်း မှာကျနော်တို့ ဗုဒ္ဓဘာသာတွင် အသက်တမျှ အရေးကြီးသောအခန်းမှ ပါဝင်နေသည်ဆိုလျှင်မိတ်ဆွေ

ငြင်းပါမည်လား ? လုံးဝမငြင်း နိင်းပါ ၊ကျနော်တို့ ဗုဒ္ဓဘာသာဝင်မျာ့း အထွဋ် အမြတ် ထား သည် မှာ ဘုရား၊ တရား၊ သံဃာ၊

ရတနာသုံးပါးပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာ တို့ပင်မဟုတ်ပါလော ဒါနဆိုသော အလှူအတန်း ထောက်ပံ့မှု မရှိလျှင်လွန်ခဲ့သော

နစ်ပေါင်း(၂၅၀၀)ကျော်မှတရားတော် များကို သံဃာတော်တို့ အဘယ်ကဲ့သို့လက်ဆင့်ကမ်း သယ်ဆောင်နိင်မည်နည်း။





ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ပင်လျှင် ဒါနပါရမီကို ဘ၀ပေါင်းများစွားဖြည့်စည်းခဲ့ရပေ သည်။ ဒီအကြောင်း အရာလေး ကိုသိလိုလျှင်

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:276310 ဤဘလော့တွင် အသေးစိတ်ဖတ်နိင်ပါသည်၊

နောက်တခုဆွေးနွေး ခြင်သည်မှာ ကမ္ဘာပေါ်တွင် ရှိရှိသမျှ ဘာသာ အားလုံးမှာ ကျွန်တော် တို့ ဗုဒ္ဓဘာသာ မှလွဲ၍ အခြား ဘာသာ

အားလုံးတွင် သံဃာ မရှိပါ သင်းအုပ်ဆရာ၊့ ဗလီဆရာ၊ ဂိုဏ်းအုပ်ဆရာ၊ ကျမ်း စာ ဆရာ တို့ ရှိ ပါသ ည် သို့သော် အကျင့်သီလနဲ့

ပါတ်သပ်ပြီး ကျွန်တော်တို့ ဗုဒ္ဓဘာသာရှိ ရဟန်းသံဃာများစောင့်ထိမ်းရသည် သီလနှင့်လားလားမှမသက်ဆိုင်ပါဘူး။အိမ်ထောင်ပြု

ခလေးယူ၊စီးပွားရေးလုပ်၊အပျော်အပါး လိုက်စား၍ ရပါသည်၊ကျနော်တို့ဘာသာမှသံဃာတော်များမှာပျော်ပါးဖို့နေနေသာသာ(၂၂၇)

သွယ်သော သိက္ခာပုဒ်များကို စက္ကန့်မလပ်စောင့်ထိန်းလိုက်နာ နေသောသံဃာတော် တို့မှာ ပရိယတ်၊ ပရိပတ်၊ အလုပ်မှလွဲ၍ ကျန်

အလုပ်များ မလုပ်ရပါ။ ထိုသို့ကိုယ်ပိုင် အလုပ်ကိုယ်ပိုင် စီးပွားရေးမရှိသော သံဃာတော်တို့ကို ပစ္စည်းလေးပါ ထောက်ပံ့ မှူသာမရရှိ

ပါက သာသနာပြုဖို့ ရန်အတွက် အခက်အခဲများစွားရှိပါသည်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ ဗုဒ္ဓသာသနာကြီး အချိန်ကြာမြင့်စွာ

ရပ်တည် နိုင်ဖို့ အတွက်ရော၊ မိမိရဲ့ အကုသိုလ်စိတ်ထဲက တစိတ်ဖြစ်သည့် လော ဘ ကို ချိုးနှိမ်ဖို့ အတွက်ပါ နိဗ္ဗာန်မရမီ စပ်ကြား

သံသရာမှာ မျက်နှာ မငယ်ဖို့အတွက်ပါ ပေးကမ်းလှူဒါန်းခြင်း၊ ဒါနဟာမပါလျှင် လုံးဝမဖြစ်နိင်ပါဘူးခင်ဗျာ။




ထိုကြောင့်ဒါနအကြောင်းဆက်ရလျှင် တရားတော်များတွင်ဟောကြားထားသည်မှာ ဒါနထက်၊ သီလကမြတ်သည်၊ သီလထက်၊

သမထ ဘာဝနာကမြတ်သည်၊ သမထ ဘာဝနာထက် ၀ိပဿနာ ဘာဝနာကမြတ်သည်။ အဆင့် ဆင့်ဖေါ်ပြထား ပါသည်၊ ဒါ န

လုပ်ရာတွင်လည်း တိရိစ္ဆာန်၊လှူရသည်ထက် လူပုဂ္ဂိုလ် လှူရသည်ကမြတ်သည် စ သဖြင့် အလှူ ဒါနပြု သည့် အ ခါ ရ သည့်

ကုသိုလ် အကျိုး ကျေးဇူး ထူးခြား ပုံကို http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:271058

ဤဘလော့တွင်အသေးစိတ် ဖေါ်ပြထားပါသည်၊ အချို့သော ၀ိပဿနာတရားအားထုတ်သူတို့ မှာဘာဝနာသည်အမြတ်ဆုံးဟူ၍

ဒါနသည် (၃၁)ဘုံ လည်စေသော တရားဟု ပရမတ် သဘောအတိုင်း ယူဆနေကြသည်ကိုဝမ်းနည်းဖွယ်တွေ့ ရှိရပါသည်။




ဒီလိုယူဆသောသူများမှာဆရာတော်တွေမိန့်ကြားသည့်တရားသဘောကိုနားမလည်သဘောမပေါက်သောကြောင့်သာဖြစ်ပါသည်။

မိမိလှူဒါန်းသောဒါနမှာ သံသရာအရှည်ကို ရည်သန်ပြီး ဒါလှူရင်ဒါရတယ်ဆိုတဲ့ အကျိုးကို မက်မော၍ လှူကြလို့  သာဖြစ်သည်ဟု

ထင်မြင်မိပါသည်။အမှန်တော့ (၃၁) ဘုံလည်သည်မှာ ဒါန ပြုလို့မဟုတ်ပါဘူး ငါမပြုတ် လို့ ပါ။ ဒါနပြုသ ည့်အ ခါ မှ မဟုတ် ပါ ဘူး

ဝိပဿနာအားထုတ်နေသော်လည်း ငါမပြုတ်ပါကဥပမာ- ငါ့ကိုယ်၊ ငါ့ခန္ဓာ၊စွဲ၍သေလျှင်ပြိတာဖြစ်နိင်သည်ဟုမေတ္တာရှင်ရွှေပြည်သာ

အရှင် ဇ၀န ရေးသော စာအုပ်များတွင်ဖတ်ရပါတယ် ကိုယ်တကယ် အလှူပြုရာတွင် အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊လှူဖွယ်

ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကို ရည်မှန်းလျှက် လှူနိုင်သူ

သည်လွတ်လွတ်ကျွတ်ကျွတ်လှူဒါန်းနိုင်သူ ဖြစ်ပါတယ် ဒါကိုလည်းကျနော်ရေးတဲ့

http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:280610 ပို့လေးမှာဖတ်နိင်ပါတယ်။




အလှူတခု၏ အဓိက ထောက်ပံ့မှု မှာသာသနာတော်ကို အဓွန်ရှည်တည်တဲ့ စေတဲ့ အကြောင်း အ ရာပေါ် ဘဲ မူ တည်ပြီး

နိဗ္ဗာန်နပစ္စယော ဟောတု ဆိုတဲ့ ဆုဘဲတောင်းသင့်ပါတယ် အလှူလုပ်တယ် ဆို တာ မိမိရဲ့လော ဘ ကိုလျော့ ပါးစေခြင်း

ဌာလှူတန်း ပေးကမ်း စွန့်ကျဲခြင်းဖြစ်ပါတယ်ဒါကြောင့်ပိုင်ဆိုင် ရယူလိုမှုလောဘ မပါရင် ဘယ်ကိုမှမလည်ပါဘူး။ နိဂုံးချုပ်
ပြောရမယ်ဆိုရင် အကြောက်တရားနဲ့ စိုးမိုးထားတဲ့ ဘာသာတွေမှာ လူမှန်းသိတာနဲ့ဘာသာသွင်းပြီးဘုရား ကို အကြောက်
တရားနဲ့ ကိုးကွယ်ရိုသေစေပြီး သူတို့ဘာသာကို အသက်ဆက်စေပါတယ်၊မျှော်လင့်ခြင်းနဲ့ ကိုးကွယ်တဲ့ဘာသာတွေမှာလည်း
ဂိုဏ်းအုပ်တို့ဘုန်းကြီးတို့က စီးပွားရေး လုပ်လို့ရပါတယ်ဒါပေမယ့် အလှူတော့ခံလိုမ ရပါဘူး အလှူ ခံ ရင် သူတို့ နိင် ငံတွေ
ရဲ့ဥပဒေနဲ့ငြိစွန်းပါတယ်ကျနော်တို့ ဘာသာမှာတော့ နှစ်ပေါင်း(၂၅၀၀) ကျော် သံဃာတော်တွေကိုဒါနဆိုတဲ့ အလှူ အတန်းနဲ့
ပစ္စည်းလေး ပါထောက်ပံ့ ခဲ့တာယနေ့တိုင်အောင်ပါဘဲ သံဃာတော်တွေဖက်ကလည်း တရားတော်တွေ ကို တာဝန်ကျေ စွာ
စောင့်ရှောက်ထိန်းသိမ်း လာခဲ့တာ ယနေ့တိုင်အောင်ပါဘဲ ရှေ့ဆက်ပြီးလည်း၊ ဒီတာဝန်တွေကို ထိန်းသိမ်း စောင့်ရှောက်သွား
မှာပါဘဲ ယနေ့အချိန်လိုအမျိုးဘာသာ သာသနာကို အတွင်းရန် အပြင်ရန်တွေနဲ့ အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးနေကြချိန်မှာ
မိတ်ဆွေ တို့ အနေ နဲ့ လက် အုပ်လေး ချီ ပြီးနှုတ်က“ ဗုဒ္ဓ သာသနံ စီရံ တိရဋ္ဌု ” ရွတ်ဆိုနေ၍ သာ သ နာတော် ကိုလ က်တွေ
့စောင့်ရှောက်ရာမရောက်ပါဘူး တကယ်လက်တွေ့ သာသနာအထောက်အပံ့ ဖြစ်စေခြင်းငှာ လှူဒါန်းမှသာ ဓမ္မရက္ခိတ တရားကို

စောင့်ရှောက်သူများ၊ သာသန ရက္ခိတသာသနာကိုစောင့်ရှောက်သူများ ဖြစ်လာမှာပါ ၊ ထိုကြောင့်သင်ဟာဗုဒ္ဓဘာသာဝင်ကောင်း
တယောက်ဖြစ်ဖို့ဆိုရင်လှူဖို့ ကိုလည်းဝန်မလေး ပါနဲ့လှူကြပါ လို့တိုက်တွန်းရင်းနားပါအုန်းမယ်။

Posted by မူကြိုဆရာ 

0 comments:

Post a Comment