Monday, October 24, 2011

ကား 2 ကြိမ်တိတိ ကြိတ်ခံရသော တရုတ်မှ ခလေးလေး သေဆုံးပြီ ( တရုတ်လူ့အသိုင်းဝိုင်းတစ်ခုလုံး အရှုံ့ချခံခဲ့ရ )

ယနေ့ အင်တာနက်မှာ အထူး လူသိများတဲ့ 2 နှစ်သမီး အရွယ် တရုတ်ပြည် နယ်တောင်ပိုင်း Foshan, Guangdong province က Weng Yue လးဟာ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်မှာ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ် ။အားလုံးသိပြီးတဲ့အတိုင်း ဘင်ကား 2 ကြိမ်ကြိတ်ခံခဲ့ရတဲ့ ခလေးမလေး Weng Yue ဟာ လူ 18 ယောက်ရဲ့ ဥပေက္ခာပြုခြင်းကို သွေးအိုင်ထဲမှာ လူပ်ရှားရင်းငိုကြွေးရင်း နဲ့ ကားကြိတ်ခံရပြီး တစ်ပတ်တိတိမှာ အစာအိမ်သွေးလွန်တဲ့ အဓိကအကြောင်းရာကြောင့်သေဆုံးခဲ့ပြီဖြစ်ပါတယ် ။


ပထမဆုံး ဒီဗွီဒီယိုကို အင်တာနက်ပေါ်တင်ခဲ့တဲ့ တရုတ်ပြည်က နာမည်ကျော် ဘလော့တစ်ခု ဖြစ်တဲ့ Microbloggr on Sina's weibo က
FAREWELL TO LITTLE YUE YUE,THERE ARE NO CAR IN HAVEN

ကားတွေမရှိတဲ့ ကောင်းကင်ဘုံပေါ်မှာ ယွီယွီလေး အေးချမ်းစွာ အနားယူပါ

ရယ်လို့ဂရုဏာ ၊ ဒေါသ ၊ ခံပြင်းစိတ် ၊ တွေနဲ့ လူဦးရေများစွာ ဟာ ဆုတောင်းပေးခဲ့ကြပါတယ် ။
အထက်ပါ မှတ်တမ်းကတော်တော်များများသိပြီး ၊ ကြည့်ပြီးဖြစ်တဲ့အတိုင်း ယွီယွီ လေးဟာ ဗင်ကား 2 စီးတိတိအကြိတ်ခံရပေမယ့် အသက်မသေဆုံးသေးပဲ သွေအိုင်ထဲမှာ လူးလိမ့်အော်ဟစ်နေခဲ့ရပေမယ့် လူတွေရဲ့ 18 ကြိမ်တိတိ ရှောင်ခွာသွားမှု့တွေကြောင့် အရွယ်နဲ့မမျှတဲ့ ဝေဒနာများနဲ့အတူ အသက်စွန်သွားခဲ့ရပါတယ် ။


အလုပ်သမား မိဘနှစ်ပါးကနေ မွေးဖွားခဲ့တဲ့ထိုခလေးမ ယွီယွီ ရဲ့ အဖြစ်အပျက်ကို ကမ္ဘာက လူသားတွေ တောက်တစ်ခေါက်ခေါက် ၊ စုတ်တစ်သတ်သတ်ဖြစ်ခဲ့ရတဲ့ ထို ဗွီဒီယိုကို ကုန်မာပစ္စည်းဆိုင်ရဲ့ လုံခြုံရေး ကင်မရာမှတဆင့် ကမ္ဘာသိအောင် အင်တာနက်ကနေ လက်ဆင့်ကမ်းခဲ့ပြီးတဲ့နောက်မှာ တရုတ်လူ့အသိုင်းဝိုင်းကို " ဘယ်လို ယာဉ်ကျေးမှု့ ၊ ဘယ်လို မေတ္တာတရား ၊ဘယ်လိုလှု့ဘောင်တွေနဲ့တည်ဆောက်ထားခဲ့ကြသလဲ " ဆိုတဲ့ မေးခွန်းက သိန်းနဲ့ချီတဲ့ အင်တာနက်စာမျက်နှာတွေမှာ မေးမြန်းခြင်းကိုခံခဲ့ရပါပြီ ။

ထိုအဖြစ်ပျက် ဖြစ်ပွားတဲ့ southern city of Guangzhou ကလူဦးရေ 10000 ကျော်ကို နှလုံးသားအေးစက်နေသော လူသားများရယ်လို့ ကင်ပွန်းတပ်နေကြပါပြီ ။ ထိုကုန်မာဈေးတန်းထဲမှာ ရှိနေတဲ့ လူ 200 ရဲ့ လက်တွေကိုတော့ ထံကျင်နေသောလက်ပိုင်ရှင်များရယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ် ။

နောက်ဆုံး အမှိုက်လိုက်ကောက်စားတဲ့ အမျိုးသမီးကမှ ခလေးလေးကို လမ်းဘေးခေါ်ရွေ့တဲ့နေရာမှာ ခလေးဟာ ခါးကြိုးခေါက်ကျနေတာတွေ့လို့ အော်ဟစ်အကူညီတောင်းခဲ့၍သာ မိခင်မှပြေးလာပြီး ခလေးကိုဆေးရုံပို့ဖို့စတင်ခဲ့ကြတာဖြစ်ပါတယ် ။

ဒါဟာ အင်မတန် လှုမှု့ကျင့်ဝတ်မညီမျှမှု့တစ်ခုဆိုတာ ယနေ့တရုတ်ပြည်က မျက်လွှာလေးချပြီး ဖြေရှင်းနေတဲ့ ၀န်ကြီးများအတွက်အရှက်ရစရာတွေ ဖြစ်နေခဲ့ပါတယ် ။

ဒါကိုတောင် ထိုပတ်ဝန်းကျင်က ယွီယွီလေးရဲ့ မိခင်ကိုမသိကြပဲ သူမရှေ့မှာတင် 2 နှစ်သားယောက်ကျားလေး ဘိလပ်မြေသယ်ကားကြီးကြိတ်လို့ သေရှာပြီရယ်လို့ မှားယွင်းပြောဆိုနေတာကိုခလေးမိခင်က သတင်းဌာနတွေကိုပြောပြခဲ့ပါတယ် ။

ယွီယွီလေးရဲ့ အဖြစ်ပျက်အင်တာနက်ကနေတဆင့် ဟိုးလေးတစ်ကျော်ဖြစ်ပြီးကာမှ 5 နှစ်သားတစ်ယောက်ကို ကားတိုက်ပြေးတာတွေ ၊တစ်နှစ်သားလေးခြေကြိုးတဲ့အထိ ကားကြိတ်တာတွေ စတဲ့ ခလေးတွေကို ဥပေက္ခာပြုမှု့တွေ အင်တာနက်မှာ ပျံနှံထွက်ပေါ်လာခဲ့ပါတယ် ။ ထိုအဖြစ်ပျက်တွေဟာ ယွီယွီလေးနေထိုင်တဲ့ ခရိုင်တစ်ခုတည်းမှ ဖြစ်ခဲ့တာတွေ ဖြစ်ပြီး ။ အခြားဒေသတွေမှာလည်း အလားတူများစွာရှိနေတယ်ဆိုတဲ့ အကြောင်းတွေ က ထွက်ပေါ်လာခဲ့ပါတယ် ။
မလေးရှားထုတ် The Star သတင်းစာက ယနေ့ရေးသားဖော်ပြမှု့များထဲမှာ တရုတ်ပြည်က မည်းညစ်နေသော လူနေမှု့စရိုက်ဆိုတဲ့ အလွန်ပြင်းထန်းသော အသုံးအနှံးကို အသုံးပြုခဲ့ပြီး ကမ္ဘာတစ်လွှားက သတင်းစာများကတော့ ယိုယွင်းနေသော လူနေမှု့ရယ်လို့ အမည်တပ်ခဲ့တဲ့ ထို ကားတိုက်မှု့ကို ဧဒင်အဖွဲ့သားတွေသိအောင် ယနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။

0 comments:

Post a Comment