အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်အိုမင်းသွားခဲ့
အသက် ၂၃ နှစ်အရွယ်ရှိ ဗီယက်နမ်သူ ငုယင်သီဖောင်သည် ရက်ပိုင်းအတွင်း အသက် ၇၀ ကျော် အရွယ်ပုံစံမျိုး အိုမင်းသွားခဲ့ရာ ယင်းဖြစ်စဉ်ကို ဗီယက်နမ်မှဆရာဝန်များက လေ့လာကုသပေးရန် ပြင်ဆင်နေပြီး ယခုအချိန်အထိ ရောဂါလက္ခဏာ အတိအကျကို အငြင်းပွားနေဆဲဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ်ကယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၆ နှစ်ရှိပြီဖြစ်သော သီဖောင်သည် ဆင်းရဲလွန်းသောကြောင့် ကုသရန် မတတ်နိုင်ခဲ့ဘဲ ယခုအခါတွင် ဆရာဝန်များက အခမဲ့ကုသပေးမည်ဖြစ်သည်။သီဖောင်က သူ၏ရုတ်ချည်း အိုမင်းသွားမှုသည် ဘ၀တစ်လျှောက်လုံး ပင်လယ်စာမတည့်မှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေသည်။
ပင်လယ်စာနှင့် မတည့်မှုကြောင့် အရေပြားယားယံမှုမှာ ၂၀၀၈ ခုနှစ်တွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည်ဟု ဆိုသည်။''ကျွန်မတစ်ကိုယ်လုံးယားနေပြီး အိပ်တဲ့အချိန်မှာတောင် ကုတ်နေရပါတယ်'' ဟု သီဖောင်က ပြန်ပြောပြသည်။သီဖောင် နှင့် ခင်ပွန်းဖြစ်သူ လက်သမားဆရာသန်းတုယင်တို့မှာ ဆင်းရဲသောကြောင့် ဆေးရုံသွားမပြနိုင်ခဲဘဲ အနီးတွင် ဆေးဝယ်သောက်ခဲ့သည်ဟု ဆိုသည်။
''ဒီဆေးတွေသောက်ပြီး တစ်လလောက်ကြာတော့ ယားတာနည်းနည်း သက်သာလာပါတယ်။ဒါပေမဲ့ အရေပြားရောင်ရမ်းနီရဲတာတွေ ရှိနေတုန်းပဲ။အဲဒါနဲ့ တိုင်းရင်းဆေး ပြောင်းသုံးခဲ့ပါတယ်။ရောင်ရမ်းတာတွေက ယားတာနဲ့အတူတူပျောက် သွားခဲ့ပါတယ်။ဒါပေမဲ့ ကျွန်မအရေပြားတွေလဲ လျှော့လျဲပြီးတွဲကျလာ တော့တာပါပဲ'' ဟု သီဖောင်ကပြန် ပြောပြသည်။
ယင်းနောက်တွင် အခြားတိုင်းရင်းဆေးတစ်မျိုး ပြောင်းသုံးခဲ့သော်လည်း မသက်သာခဲ့ဟု ဆိုသည်။
ဆရာဝန်များကမူ သုံးစွဲခဲ့သည့် တိုင်းရင်းဆေးဝါးများကြောင့်ဟု ယူဆနေပြီး ရောဂါလက္ခဏာကို ပိုဆိုးသွားစေခဲ့သည့်အပြင် ရှားပါးသည့် အရေပြားရောဂါတစ်မျိုးဖြစ်သော mastocytosis ကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု ယူဆမှုများရှိနေ သည်။ ရောဂါလက္ခဏာကို အမည်တပ်မှုမှာ ဆရာဝန်များအကြားတွင်ပင် ကွဲလွဲမှုများရှိနေပြီး ကုထုံးနှင့်ပတ်သက်ပြီးလည်း သဘောကွဲလွဲနေသည်ဟု သိရသည်။ သီဖောင်မှာ အရေပြားများက အိုမင်းသည့်အသွင်ဖြစ်နေသော်လည်း ရာသီစက်ဝန်း၊ ဆံပင်၊ သွား၊ မျက်လုံးနှင့် စိတ်တို့မှာ ပုံမှန် ၂၀ ကျော် အမျိုးသမီးတစ်ဦးအတိုင်း ရှိနေသည်ဟု သိရသည်။
ရောဂါမဖြစ်မီပုံ
ငုရင်သီဖေါင်းနှင့် သူမ၏ခင်ပွန်း လက်သမားဆရာလေး
youtube မှာလည်ကြည့်လို့ ရပြီး http://www.youtube.com/watch?v=L0INhMhangk
Melbourne near me Trusted Removalist
8 months ago







0 comments:
Post a Comment