Thursday, October 27, 2011

ဘန်ကောက်ရောက်မြန်မာတဦး လည်ပင်း ဓားနဲ့လှီးခံရ

ဘန်ကောက်က အထည်ချုပ်အလုပ်သမား၊ ကိုယ်ဝန်သည် မခိုင်ခိုင်ဦး ကုန်တိုက်တခုမှာ

ရန်ပြုခံရပုံနဲ့ နောက်ဆက်တွဲ ဖြစ်ရပ် ရုပ်သံသတင်း

ဘန်ကောက်မြို့ ဖက်ကဆင် (၇၁)လမ်းရှိ NAN YANG KNITTING အထည်ချုပ်စက်ရုံမှ ကိုယ်ဝန်ဆောင်
မိခင်လောင်း အလုပ်သမား တစ်ဦး BC ကုန်တိုက် အပေါ်ထပ်တွင် သော့ရွေးနေစဉ် အမည်မသိ
ထိုင်းလူငယ် တစ်ဦးကလည်ပင်းကို ဓါးဖြင့် လှီးဖြတ်သွားခဲ့သဖြင့် ဒဏ်ရာ ပြင်ထန်စွာ ရရှိသွားခဲ့သည်။

စက်တင်ဘာလ (၂၁)ရက်နေ့ ညနေ (၆)နာရီ (၄၅)ခန့်က ဖက်ကဆင်လမ်း ၇၃/၁ မျက်နှာချင်းဆိုင်ရှိ
BCကုန်တိုက် အပေါ်ထပ်တွင် သော့ဝယ်နေစဉ် နောက်ကြောမှ အမည်မသိ လူတစ်ဦးက ဖမ်းချုပ်လိုက်ပြီး
မခိုင်ခိုင်ဦး၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။


မခိုင်ခိုင်ဦးက ကြောက်လန့်တကြားဖြစ်ပြီးခေါင်းငုံ့နေသဖြင့်လက်ယာဘက်လည်ပင်း အလယ်မှ စ၍
ယာဘက်ပါးအောက်ခြေနှင့်ယာဘက်နားရွက်အောက်စပြတ်ခါနီးအထိပြတ်ရှပြီးနားရွက်နောက်နား ဦးခေါင်းခွံတွင်နှစ်လက်မခန့် ပြတ်ရှသွားခဲ့သည်။

သူမက အော်ဟစ် အကူအညီ တောင်းခံရာ ကုန်တိုက်မှ ၀န်ထမ်းများက လိုက်လံဖမ်းဆီးသဖြင့်
လူဆိုးကို ဖမ်းမိခဲ့သည်။
လူဆိုး၏ မိခင်က သူမ၏ သားဖြစ်သူမှာ စိတ်မူမမှန်ကြောင်း၊ စစ်သားတစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


လူနာအရေးပေါ်ရောက်ရှိနေသည့်လပ်ဖိဖဆေးရုံသို့ဖက်ကဆင် လမ်းနံပါတ် (၁၁၀)အတွင်းရှိ
စောနောနောင်ကာဖိုးရဲစခန်းမှ ရဲအရာရှိ ချို့အမ်နွယ်ဆိုသူ ရောက်ရှိခဲ့သည်။

စခန်းမှူးကအဆိုပါလူဆိုးမှာနောင်ခိုင်မြို့နယ်တွင်နေထိုင်သူဖြစ်သည်။လုဘူလီမြို့နယ်တွင်စစ်သားအဖြစ်
တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းပြောပြသည်။ခွင့်(၁၅)ရက်ယူပြီးညီမဖြစ်သူ နေထိုင်သည့်
ဖက်ကဆင်လမ်းတွင်ခေတ္တ လာရောက် နေခြင်းဖြစ်ကြောင်း ပြောသည်။

မခိုင်ခိုင်ဦးက“ကျမသော့ရွေးနေတာနောက်ကလာပြီးလည်ပင်းချုပ်ကိုင်ပြီးဓါးနဲ့လှီးတာ၊ကျမလည်ပင်းက
သွေးတွေရေပိုက်က ထွက်နေသလိုပဲ။ ကျမ အသက်ရှင်မယ်လို့တောင် မထင်ခဲ့တော့ဘူး။
အခု ခေါင်းတခြမ်း ကိုက်ခဲနေပြီးပါးစပ်ကို နဂိုလောက် မဟနိုင်သေးဘူး။
အစာလည်း ကောင်းကောင်း မမြိုနိုင်သေးဘူး” ဟုပြောသည်။

ဓါးမှာ အဆိုပါ ကုန်တိုက်မှ ဓါးဖြစ်ကြောင်း ထိုင်းရဲ၊ ဆေးရုံနှင့် ၀ိုင်းကြည့်နေသူများက ပြောကြသည်။

နီစပ်သည့်လပ်ဖိဖဆေးရုံသို့အရေးပေါ်ပို့ပေးခဲ့သည်။မိမိသွေးစစ်ထားသည့်ဘန်ကောက်မြို့
အယ်ကချိုင်လမ်းရှိ ဘန်မကောက်(၈) ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ပေးခဲ့သည်။
သွေးလေးအိတ် သွင်းပြီးမှ ဒဏ်ရာများကိုချုပ်ခဲ့ရကြောင်း ဆေးရုံမှ ဆရာမက ပြောသည်။

ခွဲစိပ်ခန်းမှထွက်လာပြီးနောက်ထပ်သွေးတစ်အိပ်သွင်းခဲ့ရသည်။စက်တင်ဘာ(၂၇)ရက်နေ့တွင်ဆေးရုံမှ
ဆင်းလာခဲ့ရသည်။(၂၉)ရက်နေ့တွင် ချုပ်ရိုးဖြုတ်ရန် ဆေးရုံသို့ လာခဲ့ရသည်။
အောက်တိုဘာ (၆)ရက်နေ့က တစ်ကြိမ် ထပ်မံ၍ ဆေးရုံသို့ သွားခဲ့ရသည်။

ယခု နောက်ဆုံး အခြေအနေမှာ မခိုင်ခိုင်ဦးသည် လူစိမ်း တစ်ဦးဦးအား မြင်သည်နှင့် မိမိအား
တစုံတခု လုပ်မည်ကိုအမြဲ စိုးရိမ် ထိပ်လန့်နေပြီး ဗိုက်ထဲမှ ကလေးအတွက်
အထူး စိုးရိမ်နေကြောင်း ပြောသည်။
သူမတွင်သားနှစ်ဦးရှိပြီးယခုကိုယ်ဝန်(၅)လရှိပြီးဖြစ်သည်။
သူမသည်မြန်မာနိုင်ငံမော်လမြိုင်မြို့မှလာရောက်
အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

http://www.ghre.org
http://www.irrawaddyblog.com/

0 comments:

Post a Comment