Friday, October 21, 2011

အမျိုးသမီးများ အရွယ်တင်နုပျို လှပနေစေဖို့ အလွယ်ကူဆုံးနည်းလမ်း



ပိုက်ဆံရှိမှ ဒါမှမဟုတ် ဘဝမှာ သက်သောင့် သက်သာ နေရမှသာ သင်ဟာ နုပျို လှပနိုင်မယ်လို့ မထင်ပါနဲ့။ အောက်ပါ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေက သင့်ကို စက္ကန့်ပိုင်းအတွင်း နုပျိုလှပ ကြည့်ကောင်းစေပါလိမ့်မယ်။

မတ်မတ်ထိုင်ပါ
ပျော့တိပျော့ခွေနေတာဟာ ဆွဲဆောင်မှု မရှိရုံသာမက ခါးနာဝေဒနာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဟန်အနေအထား ကောင်းမွန်မှန်ကန်တဲ့ လူတွေဟာ ပျော့တိ ပျော့ခွေနဲ့ ကိုယ်ဟန်ကုန်းနေတဲ့ သူတွေ၊ ကိုင်းနေတဲ့သူတွေထက် ပိုနုပျိုပြီး ပိုမိုယုံကြည်မှု ရှိပါတယ်။ ပိုမိုပျော်ရွှင်ပြီး ခံစားမှုလည်း ပိုမိုကောင်းမွန်တယ်လို့ Colorado Springs မှ သမားတော် Panl D’ Arezzo ကဆိုပါတယ်။

ကိုယ်ဟန်အနေအထား မှန်ကန်ခြင်းဟာ ကြွက်သားနဲ့ အဆစ် နာကျင်မှုကို ကာကွယ် ပေးနိုင်ပြီး လည်ပင်းညောင်းညာ တင်းတောင့်ခြင်းကို လျော့နည်းစေပါတယ်။ ဒါကြောင့် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ကိုကာကွယ် နိုင်ပါတယ်။

ယောဂမှန်မှန်ကျင့်ခြင်း ဒါမှမဟုတ် Pilate လေ့ကျင့်ခန်းတွေဟာ သင့်ဝမ်းဗိုက်၊ တင်ပဆုံနဲ့ ခါးက ကြွက်သားတွေကို သန်မာစေတဲ့ အတွက် သင့်ခန္ဓာကိုယ်ကို မတ်မတ်ထားနိုင်အောင် ကူညီပေးပါတယ်။ အချိန်အကြာကြီး ဆက်တိုက် ထိုင်မနေဘဲ တစ်နာရီ တစ်ကြိမ်ခန့် ခန္ဓာကိုယ်ကို ဆွဲဆန့်ပေးပါ။ အိုမင်းမှုကို တိုက်ဖျက်မယ့် နည်းလမ်းတစ်ခု ဖြစ်တဲ့ အောက်ပါနည်းလမ်းကိုလည်း လုပ်ဆောင်ပါ။

ကြမ်းပြင်ပေါ်မှာ သင့်ခြေဖဝါးနှစ်ဖက်စလုံးကို အပြားလိုက်ချထားပြီး သင့်ပခုံးနဲ့ မေးစေ့ကို ဖြေလျှော့ထားပါ။ သင့်ပေါင်တွေပေါ်ကို လက်တင်ထားပါ။ သင့်ပခုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း နောက်ဘက်ကို ဆွဲပြီးညှစ်ထားပါ။ စိတ်ထဲကနေ ၁ မှ ၅ အထိရေတွက်ပါ။ ပြီးရင်ပြန်ဖြေလျှော့ပါ။ ၃-၄ ကြိမ်ပြန်လုပ်ပါ။

မျက်ခုံးကို အားဖြည့်ပါ
သင့်ရဲ့ဇာဂနာကို အနားပေးလိုက်ပါတော့။ ထူထဲနက်မှောင်တဲ့ မျက်ခုံးတွေက သင်ရဲ့ အသွင်အပြင်ကို ပိုမိုတိကျရှင်းသန့် စေပါတယ်။ မျက်ခုံးတွေကပါးပြီး အရောင်ဖျော့နေရင် သင့်မျက်နှာက နုပျိုနေရင်တောင် သင်ရဲ့မျက်နှာပုံသဏ္ဌာန်ဟာ တိကျသပ်ရပ်မှု မရှိဘဲ ပိုမိုအိုစာသယောင် ဖြစ်နေပါတယ်။

ဒါကြောင့် သင့်မျက်ခုံးက ကျဲပါးနေတဲ့ နေရာမှာ မျက်ခုံးဆွဲတဲ့ အရောင်ရင့် ရှဲဒိုးနဲ့ ဖြည့်ပေးပြီး မျက်ခုံးထူသယောင် ဖန်တီးပါ။ မျက်တောင်ကော့ဆေး (Mascara)မှ ဘရပ်ရှ်ကို ဆေးကြောပြီး ခြောက်သွေ့အောင် လုပ်ထားကာ အဲဒီဘရပ်ရှ်နဲ့ မျက်ခုံးမွေးဆွဲ ပေါင်ဒါကို ဆွဲပေးပါ။ ပြီးရင် လက်ချောင်းထပ်နဲ့ ညှိပေးပါ။
“မျက်နှာကို ပင့်တင်ချင်တဲ့ အတွက် မျက်ခုံးရဲ့ အမြင့်ကိုတော့ သဘာဝထက် ပိုမြင့်အောင် မဆွဲပါနဲ့။ ဒီလိုလုပ်ရင် သင်ဟာ နုပျိုသွားရမယ့်အစား ဒေါသထွက်နေတဲ့ ပုံစံ ပေါက်သွားပါလိမ့်မယ်” လို့ မျက်ခုံးအလှ ဖန်တီးရှင် Robert ကဆိုပါတယ်။ သဘာဝ မျက်ခုံးရဲ့ ကောက်ကြောင်း အတိုင်းသာ လိုက်ဆွဲပေးပါ။

ဘရာစီယာ အသစ်ဝယ်ပါ
အသက်ကြီးလာတဲ့အခါ ရင်သားတွေ တွဲကျလာတတ်ပါတယ်။ ဒီလိုတွဲကျလာရင် ဘရာစီယာရဲ့ အခွက်ထဲမှာ ဖော့အပါးနဲ့ လိုင်နာခံထားတာမျိုးကို ဝတ်ပါ။ ဒီလိုဘရာစီယာ သင်ငယ်ရွယ်စဉ် သင့်ရင်သားတွေရှိမယ့် နေရာဖြစ်တဲ့ ပခုံးနဲ့ တံတောင်ဆစ်ကြား အလယ်က နေရာလောက် အနေအထားမျိုးမှာ သင့်ရင်သားတွေ ရှိနေအောင် ကူညီပေးပါတယ်။
သင့်ရင်သားတွေကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပြီး အံဝင်ခွင်ကျ ကွက်တိဖြစ်တဲ့ ဘရာစီယာက သင့်ကိုကျန်းမာလှပ စေနိုင်ပါတယ်။ ချောင်လွန်းတဲ့ ဘရာစီယာ ဒါမှမဟုတ် ကြိုးတွေကို သေချာချိန်ညှိမထားတဲ့ ဘရာစီယာကို ဝတ်ပြီး အားကစားလုပ်ရင် လည်ပင်း၊ ပခုံးနဲ့ နောက်ကျောတွေ နာကျင်တတ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တဲ့ လူတစ်ယောက်ရဲ့ မျက်နှာဟာ နဂိုရှိတဲ့ အသက်ထက် အများကြီးကို ပိုအိုစာနေတတ်ပါတယ်။ အထူးသဖြင့် ပါးစပ်နဲ့ မျက်စိပတ်ဝန်းကျင်မှာ အရေး အကြောင်းတွေ အလွန်များနေတတ်ပြီး အသားအရေ မွဲခြောက်ခြောက် ဖြစ်နေတတ်ပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ အသက်ကို ၁၄ နှစ်ခွဲ ပိုတိုစေတယ်လို့ သိရပါတယ်။ သင်ဟာ ကြာရှည်ဆေးလိပ်သောက်ခဲ့ရင်တောင် ဆေးလိပ်ဖြတ်ဖို့ ဘယ်တော့မှ နေ%E

0 comments:

Post a Comment