Saturday, October 22, 2011

အောက်ပါ ( ၂၁ )ချက်ကို သေချာဖတ်ပေးပါ

၁။ လမ်းလျှောက်ထီးလမ်းလူသွားလမ်းငမ်းငမ်းကြိုက်တဲ့ခေတ်
၂။ လူကြီးနှင့်အပျိုစင်တွဲလျှက်ယှဉ်ပွဲသဘင်ကတဲ့ခေတ်
၃။ ဘိုင်စကုတ်နှင့်ပြည်တန်ဆာစီးပွားရှာမျိုးကညာတို့အတုခိုးတဲ့ခေတ်
၎။ တစ်ဦးဥစ္စာပြည့်စုံလာ မနာလိုတဲ့ခေတ်
၅။ တရားသဘောဘယ်လိုဟော မောရုံရှိတဲ့ခေတ်
၆။ ပေါင်းဖော်သားခြင်းမေတ္တာကင်း အတင်းပြောတဲ့ခေတ်
၇။ မယားကြီးရှိပြန်တကယ်အမှန်အငယ်ခံတဲ့ခေတ်
၈။ လူငယ်လူကြီးပြောဆိုနည်း လူကြီးရှုံးတဲ့ခေတ်
၉။ အရွယ်မရောက်အပျိုပေါက် လင့်နောက်လိုက်တဲ့ခေတ်
၁၀။ ဥပုသ်စောင့်များကျောင်းကိုသွား ပါဝါကြွားတဲ့ခေတ်
၁၁။ ဘုန်းကြီးများထံသီလခံ ကြွက်ဆူညံအောင်ပြောတဲ့ခေတ်
၁၂။ ရွှေငွေဝတ်ဆင် လူခေါ်ချင် ဂုဏ်အင်ကြီးတဲ့ခေတ်
၁၃။ လပြည့်လကွယ်ဥပုသ်သည် အောင်သွယ်စကားပြောတဲ့ခေတ်
၁၄။ လူကြီးမျက်မှောက် မရှက်ကြောက် လင်နောက်လိုက်တဲ့ခေတ်
၁၅။ ဆရာကြီး ဆရာမ စာသင်ပြ စိတ်မချရတဲ့ခေတ်
၁၆။ ရှေ့ကွဲနောက်ကွဲ ၀တ်ဆင်ရဲ အသည်းယားစရာကောင်းတဲ့ခေတ်
၁၇။ မိဘများထံနည်းခံရန်ပြောမရတဲ့ခေတ်
၁၈။ ဘုန်းကြီးကျောင်းကို အိမ်ဟုထင်တွင်တွင်ခေါ်တဲ့ခေတ်
၁၉။ ယောက်ျားမိန်းမသွင်မခြား ခွဲခြားမရတဲ့ခေတ်
၂၀။ မာနရှင်များ မာနထား တိုးပွားနေတဲ့ခေတ်
၂၁။ ကျောင်းသူကျောင်းသား စာသင်သွား ရည်စားထားတဲ့ခေတ်

0 comments:

Post a Comment