အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ငမိုးရိပ်ချောင်းတစ်နေရာတွင်တွေ့ရစဉ် အဆိုပါမိကျောင်းမှာ ငမိုးရိပ်ချောင်းအတွင်း သွားလာမှုများပြုလုပ်လျှက်ရှိပြီး ယင်းမိကျောင်းကို အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ အထိသွားလာလျှက်ရှိနေကြောင်း ၁၀ မိနစ်တစ်ကြိမ်ခန့် ရေပေါ်ပေါ်နေကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။ ''အောက်တိုဘာလ ၁၃ ရက် နေ့ညနေပိုင်းမှာ ငမိုးရိပ်ချောင်းက ရေတက်တယ်။ အဲဒီမိကျောင်းက နောက်နေ့မနက် ၉ နာရီအချိန်အထိ ကုန်းပေါ်မှာရှိတဲ့ ၀က်ခြံအောက်မှာ ရှိနေခဲ့ပါတယ်။ ချောင်းက ညနေပိုင်း ညပိုင်းတွေဆိုရင် ချောင်းရေက ကုန်းနဲ့လည်ပယ်တက်တဲ့အတွက် ညဘက်တွေမှာ အိမ်တွေပေါ် တက်ရောက်နိုင်တဲ့အတွက်ကြောင့် အဲဒီပတ်ဝန်းကျင်အနီးနားမှာရှိတဲ့ နေအိမ်တွေက စိုးရိမ်မှုတွေရှိနေပါတယ်'' ဟု သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးတောင်ပိုင်းရပ် ကွက် အောင်သစ္စာလမ်း၊ ၀က်ခြံနှင့် ဘဲခြံများအနီးနားတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းပေါ်တွင် မိကျောင်းဝမ်းဗိုက်နှင့် အမြီးရာများကျန်ခဲ့သည်ကို တွေ့ရစဉ် အဆိုပါကိစ္စနှင့်ပတ်သက်၍ ငမိုးရိပ်ချောင်းအတွင်း ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူတစ်ဦးကလည်း ''မိကျောင်းရှိနေတယ်ဆိုတာသိလို့ ငါး မရှာရဲလို့ ၁၀ ရက်လောက် နားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက်ရက်အရှည်ကြီး နားလိုက်တော့ စားဝတ်နေရေး တော်တော်အခက်အခဲလေး ဖြစ်ခဲ့တယ်။ ဒါကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ငါးဖမ်းပြန်ထွက်ခဲ့ပါတယ်။ အဲဒီမိကျောင်းကိုမြန်မြန် ဆန်ဆန်ဖမ်းမိဖို့ အခုထက်ပိုပြီး ထိထိ ရောက်ရောက် စောင့်ကြပ်ပြီးတော့ ဖမ်းဖို့လိုအပ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ မိကျောင်းမှာ ငမိုးရိပ်ချောင်းအတွင်း ၁၀ မိနစ်တစ်ကြိမ်နီးပါး ရေပေါ်၌ပေါ်၍ သွားလာနေလျှက်ရှိကြောင်း သိရှိရသည်။ |







0 comments:
Post a Comment