ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန်ဒေသတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း နိုဝင် ဘာ ၂၈ ရက်တွင် ဒုံးကျည် များဖြင့် ပစ်ခတ် ၍ အနည်းဆုံး လေးဦးသေဆုံး သွားကြောင်း ပါကစ္စတန် ရုပ် မြင်သံကြား အစီစဉ်က ကြေညာသည်။
အာဖဂန် နစ္စတန် နယ်စပ်တစ်လျှောက် တာလီဘန်နှင့် အယ်လ်ခိုင်ဒါ လက်နက်ကိုင်များ အခြေစိုက် သည့် ထိုဒေသတွင်း လက်နက်ကိုင်များ စီးနင်းလိုက်ပါ လာသည့် မော်တော်ယာဉ် ဟု မသင်္ကာ ဖြစ်ပြီး အမေရိကန် မောင်းသူမဲ့ လေယာဉ်က ဒုံးကျည်ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုဒေသ၌ ယခုလဆန်းပိုင်းမှ နိုဝင်ဘာ ၂၈ ရက်အထိ လက်နက်ကိုင်များ အား အမေရိကန် မောင်းသူမဲ့ လေယာဉ်များက (၁၇) ကြိမ်ပစ်ခတ်တိုက်ခိုက် ရာတွင် အနည်းဆုံး ၈၄ဦး သေဆုံးခဲ့သည်။
အထက်ပါသတင်းကို ဖတ်ရှု.ပြီးနောက် နည်းပညာကိုအသုံးပြုပြီး တဖက်သတ်အနိုင်ကျင့် တိုက်ခိုက်ခံရသည်ဟု ထင်မိပါသည်။ စစ်ပွဲဟူသည် သူသေကိုယ်သေ အသက်ကို အသက်ခြင်းရင်းပြီး တိုက်ခိုက်မှသာ တရားမျှတသောစစ်ပွဲတခုဟု ကျနော်မြင်မိပါသည်။ ယခုဖြစ်စဉ်မှာကား လက်နက်တပ်ဆင်ထားသည်.ယာဉ်ကို ထိန်းချုပ်မောင်နှင်သူသည် မိုင်ပေါင်းများစွာဝေးသည်. အဲကွန်းခန်းမှနေ၍ ဆုံလည်ခုံပေါ်တွင် အခန်.သားထိုင်ပြီး ချွေးတစ်စက်မျှ မထွက်ပဲနှင့် မော်နီတာကိုကြည်.ပြီး စက်ခလုပ်ခုံများကို လှည်.ကစားရုံမျှဖြင့် တဖက်မှ စတေးလိုက်ရသည်က အသက် သွေး ချွေး ဘ၀ပေါင်းမနည်ပါ။ မကျေနပ်၍လက်တုန်.ပြန်ပါကလည်း ဒေါ်လာတစ်သန်းတန်
Melbourne near me Trusted Removalist
7 months ago







0 comments:
Post a Comment