Wednesday, October 19, 2011

ပျိုပျိုအိုအို အမျိုးသမီးတိုင်း သထားသင့်တဲ့ ရင်သားကင်ဆာအကြောင်း

ဖွင့်ဖြိုးပြီးနိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ အမျိုးသမီးတွေမှာ အဓိကဖြစ်ပွားတဲ့ ကင်ဆာရောဂါကတော့ ရင်သားကင်ဆာဖြစ်ပါတယ်။
အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူ့သက်တမ်းပိုရှည်လာခြင်းမြို့နေလူဦးရေများပြားလာခြင်း၊အနောက်တိုင်း လူနေမှု့စနစ်ကိုအတုခိုးလာခြင်းတို့ကြောင့် ရင်သားကင်ဆာဖြစ်နုံးမြင့်တက်လာတာဖြစ်ပါတယ်။သို့ပေမယ့် ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာ ရင်သားကင်ဆာကို ရောဂါရင့်မှသတိပြုမိကြလို့ အသက်ဆုံးရှုံးရတာတွေများပါတယ်။ဒါကြောင့်ရင်သားကင်ဆာဖြစ်လာရင် စောစောစီးစီး
သိရှိကုသနိုင်ဖို့ အရေးကြီးပါတယ်။
ဘာ့ကြောင့်ရင်သားကင်ဆာဖြစ်ရတာလဲ
 ရင်သားကင်ဆာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သေချာတော့ရှင်းလို့မရပါဘူး ။သုတေသီတွေက ရင်သားကင်ဆာဖြစ်နိုင်ချေများစေတဲ့
အချက်အလက်အချို့ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။သိုပေမယ့် အဲ့ဒီအချက်အလက်အချို့မရှိတဲ့လူတွေ ဘာကြောင့်ရင်သားကင်ဆာဖြစ်ရတာလဲ
ဆိုတာကိုတော့ ရှင်းပြနိုင်ခြင်းအချက်အလက်အရှိသေးပါဘူး။မိသားစုတွေထဲမှာရင်သား(သို့)အခြားကင်ဆာတစ်ခုခုဖြစ်ဘူးတဲ့သူရှိတာ
ကလဲ ၇င်သားကင်ဆာဖြစ်နိုင်ချေကိုများစေနိုင်ပါတယ်။
ဘယ်လိုလူတွေမှာရင်သားကင်ဆာအဖြစ်များလဲ
၁။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ရင်သားကင်ဆာဖြစ်နုံးပိုများပါတယ်။
၂။ အသက်ကြီးလာလေ ရင်သားကင်ဆာဖြစ်နိုင်ချေပိုများလာလေပဲ။၅၅နှစ်ထက်အမျိုးသမီးကြီးတွေဟာ အမျိုးသမီးငယ်တွေထက်
ပိုမိုဖြစ်နိုင်ချေများပါတယ်။
၃။ အရင် ရင်သားတဖက်မှာ ကင်ဆာဖြစ်ဘူတဲ့သူဟာ  ကျန်တဖက်မှာရင်သားကင်ဆာဖြစ်နိုင်ချေပိုများပါတယ်။
၎။ ကိုယ့်အမေ၊ညီမရင်းမှာ ရင်သားကင်ဆာဖြစ်ဘူးတယ်ဆိုရင် ကိုယ်တိုင်လဲရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။သိုပေမယ့်
ရင်သားကင်ဆာဝေဒနာရင်အများစုရဲ့ မိသားစုထဲမှာ အရင်က အလားတူ ကင်ဆာဖြစ်ဘူးခြင်းမရှိတာကိုလဲတွေ့ရပါတယ်။ဒါကြောင့်
မိသားစုထဲမှာ မဖြစ်ဘူးတိုင်းပေါ့လို့မရပါဘူး။
၅။ (BRCA1)(BRCA2)စတဲ့မျိုးရိုးဗီဇဂျင်းတွေကို မိဘတွေဆီက အမွေရထားရင်လဲ ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။
ဒီဂျင်းတွေရှိကြောင်း သွေးစစ်ကြည့်လို့သိရရင်တော့ သတိထားနိုင်ဖို့လိုလာပါပြီ။
၆။ ကလေးအရွယ်၊ဒါမှမဟုတ် လူငယ်အရွယ်မှာ ရင်ဘတ်ကိုဓါတ်ရောင်ခြည်ကုသမှု့ခံဖူးရင် အသက်ကြီးလာတဲ့အခါ ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။
ရ။ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များတဲ့သူ၊အဝလွန်သူတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။အဆီတစ်သျှူးက မဟော်မုန်းတွေကိုထုတ်ပြီး ၎င်းဟော်မုန်းကကင်ဆာဖြစ်အချို့ဖြစ်အောင် အားပေးပါတယ်။
၈။ အသက်၁၂နှစ်မတိုင်ခင်မှာ အပျိုဖော်ဝင်ရင်၊၅၅နှစ်နောက်ပိုင်းမှသွေးဆုံးရင်၊ပထမကလေးကို ၃၅နှစ်နောက်ပိုင်းမှယူရင် ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။ရာသီလာတဲ့အချိန်ကာလ ပိုရှည်ကြာပြီ ထုတ်လွှတ်လိုက်တဲ့ မဟော်မုန်းတွေနဲ့ ထိတွေ့ရတဲ့ကာလ
ပိုများလို့ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီပေါ်ခြင်းမရှိသလို မဟော်မုန်းထုတ်လွှတ်မှု့လျော့ကျသွားတဲ့အတွက် ကလေးနောက်ကျမှ
ယူတဲ့ အမျိုးသမီးတွေမှာ အဲ့ဒီအခွင့်အရေးမရတော့လို့ ရင်သားကင်ဆာဖြစ်နုံးမြင်မားရတာပါ။
၉။ သွေးဆုံးကိုင်တဲ့ဝေဒနာကို ကုသဖို့ ဟော်မုန်းအစားထိုးကုသခံယူရင်လဲ ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။
၁၀။ အရက်သောက်ရင်လဲ ရင်သားကင်ဆာဖြစ်နိုင်ချေများတယ်လို့ဆိုရပါတယ်။ကျွမ်းကျင်သူတွေကတော့ အမျိုးသမီးတွေ တနေ့တခွက်ထက်ပိုမသောက်သင့်ဘူးလို့ဆိုပါတယ်။
ရင်သားကင်ဆာရဲ့လက္ခဏာများ
၁။ ရင်သားအကြိတ်ပေါ်ခြင်း
၂၊ နို့သီးခေါင်းမှ သွေးထွက်လာခြင်း
၃။ ရင်သားအရွယ်နှင်ပုံသဏ္ဌာန်ပြောင်းလဲလာခြင်း
၎၊ နို့သီးခေါင်းအတွင်းသို့ဝင်သွားခြင်း
၅။ နို့သီးခေါင်း(သို့)ရင်သားအရေပြားအက်ကွဲခြင်း၊အရေပြားတွန့်လားခြင်း
၆။ လိမ္မော်သီးအခွံကဲ့သို့ရင်သားအရေပြား နီရဲထူလာခြင်း
ရင်သားကင်ဆာအတွက် ကိုယ့်ကိုကိုယ်စောင်ကြည့်မယ်
   ရင်သားကင်ဆာဖြစ်လာရင် အစောဆုံးကုသမှု့ခံယူဖို့ အရေးကြီးတဲ့အတွက် မိမိကိုယ်တိုင်ရင်သားကို စောင့်ကြည့်စမ်းသပ်တာအကောင်းဆုံးပါပဲ။စမ်းသပ်ရတဲ့နည်းတွေက လွယ်ကူရိုးရှင်းသလို အချိန်တိုအတွင်းလုပ်ဆောင်လို့ရပါတယ်။ရေချိုးရင်း၊အဝတ်လဲရင်း အဆင်ပြေသလို လုပ်ဆောင်လို့ရပါတယ်။
ရင်သားအားမိမိဘာသာစမ်းသပ်နည်းရေချိုးနေစဉ်မှာ ရင်သားကို မိမိဘာသာစမ်းသပ်လို့ရပါတယ်။
လက်နှစ်ဖက်ကိုအောက်ချ၊အပေါ်မြှောက် ခါးထောက်ထားပြီး ၇င်သား၂ခုရဲ့ပုံသဏ္ဌာန် အရွယ်အစား၊အရေပြားအရောင်ပြောင်းလဲမှု့ ရှိမရှိ
ကြည့်ရှု့စစ်ဆေးပါ။မတ်တပ်လျှက်ပဲ လက်ချောင်းကိုစုပြီး ရင်သားတဖက်စီကိုအပြင်ဘက်ကနေစပြီး စက်ဝိုင်သဏ္ဌာန်ပွတ်ပြီး အကြိတ်ရှိ၊မရှိ ရင်သားအရေပြားပြောင်းလဲမှု့ ရှိမ၊မရှိ စမ်းသပ်ပါ။လဲလျှောင်းပြီး လက်တဖက်ကိုခေါင်းအုံးအောက်မှာထားပြီး
လက်သုံးချောင်းနဲ့တဖက်စီစမ်းသပ်ပါ။နို့သီးခေါင်းကိုညစ်ပြီး သွေး(သို့)အရည်တခုခုထွက်လာခြင်းရှိ၊မရှိကြည့်ပါ။ရင်သားစမ်းသပ်စဉ် သတိပြုရှာဖွေရမည့်အချက်များ
၁။ရင်သားအကြိတ်
၂။ရင်သားအရေပြားတွန့်နေခြင်း
၃။ရင်သားအရေပြားအရောင်နှင့်အပျော့အမာပြောင်းလဲလားခြင်း
၎။နို့သီးခေါင်းအထဲသို့ချိုင့်ဝင်သွားခြင်း
၅။နို့သီးခေါင်းမှ သွေး(သို့)အရည်ကြည်တခုခုစိမ့်ထွက်လာခြင်း
   အထက်ဖော်ပြပါ ပြောင်းလဲမှု့တွေကို ၇င်သားမှာတွေ့လာရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ရှက်ရွံ့တတ်သူအနေနဲ့ အမျိုးသမီးဆရာဝန်ကိုပြသနိုင်အောင်စီစဉ်ပြီး  အတိုင်ပင်ခံဖို့လိုပါတယ်။
ဒါမှသာ အကြိတ်က ကင်ဆာအကြိတ်ဖြစ်ခဲ့ရင် (မိန်းမပျို အချို့အိမ်ထောင်မကျခင်မှာပေါ်တဲ့ရင်သားအကြိတ်အများစုက ကင်ဆာအကြိတ်မဟုတ်တာများပါတယ်)ကုသမှု့ စောစောခံယူနိုင်းပြီး အသက်အန္တရာယ်မှလွတ်ကင်းနိုင်မှာပါ။
        မလေးရှားမှာ မိန်းကလေးတော်တော်များများဖြစ်နေလို့ ဒီဆောင်းပါးလေးကို ကူယူတင်ပြရခြင်းဖြစ်ပါတယ်...
အမှားပါရင် ခွင့်လွှတ်ပါလို့.....

0 comments:

Post a Comment