Friday, October 21, 2011

ရခိုင်ပြည်နယ်တွင် ဆဋ္ဌမမြောက် ဆင်ဖြူတော် ဖမ်းဆီးရမ



         ရခိုင်ပြည်နယ် မေယုတောင် တန်းမှ ဆဌမမြောက်ဆင်ဖြူတော် တစ်စီးဖမ်းဆီးရမိကြောင်း၊ အဆိုပါ ဆင်ဖြူတော်ကို မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ဆင်သေပြင် ကျေးရွာအနီး အရှေ့ဘက်တစ်မိုင်အကွာတွင်
အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၃၆ မိနစ် အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဆင်ဖြူတော်မှာအသက် ၄ နှစ်အရွယ် ဆင်ထီးဖြစ်ကြောင်းနှင့် အမြင့် ၅ ပေ ၁ လက်မ၊ လုံးပတ် ၇ ပေ ၈ လက်မ၊ အမြီး
၃ ပေ ၁ လက်မ အရွယ်ရှိကြောင်း၊ မျက်လုံးမှာ ပုလဲ၊ အရောင်မှာ ရွှေမွေးရောင်ရှိကာ ရှေ့ခြေ ၅၊ နောက်ခြေ ၄၊ နားမှာ လတ်ကြေးစည်ဖြစ်ကြောင်း သိရသည်။

      လက်ရှိတွင် အဆိုပါဆင်ဖြူတော်ကို ကြိမ်ချောင်းရွာအနီး တောတစ်နေရာတွင် အယဉ်သွင်းနေကြောင်း၊ မေယုတောင်
တန်းမှ ယခုဆင်ဖြူတော်အပါအ၀င် စုစုပေါင်းဆင်ဖြူ တော်ခြောက်စီးပေါ်ထွက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ပထမ
ဆင်ဖြူတော်ကို  ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီ ၂၀ ရက်နေ့က ရသေ့တောင်မြို့နယ် အထက်နန်းရာမှလည်းကောင်း၊ ဒုတိယမြောက် ဆင်ဖြူတော်ကို ၂၀၀၂ ခုနှစ် ဧပြီ ၅ တွင် မောင်တောမြို့နယ်အတွင်းမှ လည်းကောင်း၊ သုံးစီးမြောက်ဆင်ကို ၂၀၀၂ခုနှစ်
ဒီဇင်ဘာလတွင် ကိုင်းကြီးရွာမှလည်းကောင်း၊ လေးစီးမြောက်ဆင်ကို ၂၀၁၀ ခုနှစ် ဇွန်လ ၂၆ရက် နေ့က 
မောင်တောမြောက်မှလည်းကောင်း၊ ငါးစီးမြောက်ဆင်ကို ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ၂၃ရက်နေ့က လည်းကောင်း
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ပုံက တော့ အခုဆင်ဖြူပုံမဟုတ်ပါဘူး။နမူနာကြည့်ရအောင်ပါ ဟိ။
Thursday, 20 October 2011 14:16--------http://www.weeklyeleven.com/
ဆင်ဖြူတော်များတဲ့ တိုင်းပြည်ကတော့ အေးချမ်းပြီး ချမ်းသာ တိုးတက်ဖွံဖြိုးပါတယ်တဲ့ ----ခုထိတော့ ကျနော်တို့ ငယ်ငယ်တုန်း
ကထက် ပို ပြီးကျပ်တည်းလာတယ်လို့တော့ ထင်နေမိပါတယ်။ချမ်းသာတိုးတက်လာပေါစေလို့  မျှော်လင့်မိပါတော့တယ်။

0 comments:

Post a Comment