Monday, October 31, 2011

ဗိုလ်ချုပ်၏ အမှတ်တရများ စုစည်းမှု

လတွေ လတွေ ထဲမှာ ဖေဖော်ဝါရီလလေး က ထူးခြားတဲ့ လလေး လို. ဆိုရမယ်... ဖေဖော်ဝါရီ ၁၂ ရက် ( ပြည်ထောင်စုနေ့) နဲ့ ဖေဖော်ဝါရီ ၁၃ ရက် ( မြန်မာတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့လေး ) က ကပ်ရက်ကျရောက် နေတာပါပဲ..... မြန်မာပြည် အလယ်ပိုင်းက နတ်မောက်မြို.လေးမှာ ဖခင် ဦးဖာ ၊ မိခင် ဒေါ်စု တို့က ဖေဖော်ဝါရီ ၁၃ ၊ ၁၉၁၅ မှာ နောင်တချိန်မှာ နိုင်ငံ့လွတ်လပ်ရေးအတွက် ဘဝကို စတေး အသက်ကိုပေးပြီး အရယူပေးခဲ့တဲ့ ခေါင်းဆောင်ဖြစ်လာမဲ့ ကလေးလေးတယောက်ကို မွေးဖွားသန့်စင်ခဲ့ပါတယ်....ဒီကလေးလေးကတော့ အများသိကြတဲ့ ပြည်သူချစ်တဲ့ ပြည်သူကိုလည်း ချစ်တဲ့ သခင်အောင်ဆန်း(ခ) ဗိုလ်ချုပ်အောင်ဆန်းပါပဲ... အဲ့ဒီနေ့လေးအတွက် ငယ်ငယ်တည်းက ရွတ်ဆိုလာခဲ့ရတဲ့ အရမ်းလဲ နှစ်သက်တဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေး ကိုပဲ ပြန်လည်ဝေမျှပေးလိုက်ပါတယ်.....


အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ၁၃ မှာ၊ ဗိုလ်ချုပ်မွေးနေ့ပါ

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ပွား၊ မိခင်ဒေါ်စုသား

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်၊ ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်ဒို့ဖခင်

ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်၊ ပြည်ချစ်ဒို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား.................။



ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ
























































ဗိုလ်ချုပ်အောင်ဆန်းပုံ ပါဝင်သည့် မြန်မာပိုက်ဆံအချို့

















ထပ်ရလာလို့ တင်ပေးလိုတာပါ.............

0 comments:

Post a Comment