Tuesday, October 25, 2011

လူငယ်တွေကို (Game) သံသရာထဲမှာ မနစ်မွန်းစေလိုပါ။

အခုတင်မယ့် ပို့စ်ကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူငယ်တွေအားလုံးကို ရည်ရွယ်ပြီး ရေးသားထားပါတယ်ခင်ဗျ။


ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်ကလဲ ဂိမ်းဆော့ရတာ အလွန်နှစ်သက်ပါတယ်ခင်ဗျ။ ဒါပေမယ့် ကျွန်တော်က
တစ်ရက်မှာ 2 နာရီထက်ပိုမဆော့ပါ။ ကျွန်တော်ပြောချင်တာတစ်ခုက ဘယ်လိုဂိမ်းမျိုးကို ဦးစားပေး ဆော့သင့်တယ်
ဆိုတာလေးတော့ ပြောပြချင်ပါတယ်။ နောက်ပြီး ဂိမ်းကြောင့် မလိုလားအပ်တဲ့ လူမှုဆက်ဆံရေး ဖောက်ပြန်မှု တွေ
အကြောင်းပါ ရှင်းပြချင်ပါတယ်။


ဒီလိုပါခင်ဗျ။
အခုလတ်တလောမှာ အင်တာနက်သုံးစွဲမှုကော ဂိမ်းသုံးစွဲမှုမှာ ကမ္ဘာမှာတစ်ပြေးနေတဲ့ တရုတ်နိုင်ငံဟာဆိုရင်
ထိပ်ဆုံးနေရာယူနေပါတယ်။ ပြီးတော့ လူငယ်တွေရဲ့ တစ်နေ့တာအချိန်တွေဟာလဲ အင်တာနက် & ဂိမ်းနဲ့ပဲ
ကုန်ဆုံးနေပါတယ်။ လွန်ခဲ့တဲ့လကပဲ တရုတ်စစ်သားတွေအတွက် အွန်လိုင်းကောင်တာဂိမ်းကို ထွင်ခဲ့ကြပါ
သေးတယ်။ နောက်ပြီး အားလုံးသိပြီးကြပြီး ဖြစ်မှာပါ။ တရုတ်လူငယ်ကျောင်းသား တစ်ယောက်က i pad ကို
လိုချင်လွန်းလို့ ကျောက်ကပ်ကို ထုတ်ရောင်းပြီးဝယ်ခဲ့တဲ့ အဖြစ်တောင်ရှိခဲ့တယ် ခင်ဗျ။

ကိုင်း...
စဉ်းစားကြည့် ပရိတ်သတ်တို့ရေ။ နည်းပညာရဲ့ တန်းခိုးကဘယ်လောက်ထိ ဆွဲဆောင်လိုက်သလဲဆိုတာ။

နောက်ပြီးကျွန်တော်တို့ နိုင်ငံကို ပြန်ပြီးကြည့်မယ်ဆိုရင်လည်း အင်တာနက်စရကတည်းကနေ ခုချိန်ထိ သုံးစွဲ
သူများဟာ လျော့နည်းသွားတယ်လို့ကို မရှိပါ။ တစ်နေ့တခြား တိုးလို့သာ များလာပါတယ်။
အထူးသဖြင့် ဆယ်ကျော်သက်လေး တွေပေါ့။

အလယ်တန်း ကျောင်းသားလေးတွေဆိုရင် ဘယ်ကိုသွားမလဲဟုမေးလိုက်ရင် Net Game သာသွားကြလိမ့်မည်။
ပြီးတော့ မြို့ကြီးများက တချို့ဆိုင်တွေဆိုရင် ထမင်းကော(ထမင်းဆီဆမ်း၊ထမင်းကြော်တွေပါ) ကျွေးတဲ့ အပြင်
အိပ်စရာနေရာတောင် ပေးတယ်တဲ့ ခင်ဗျာ။
နောက်ဆို တည်းခိုခန်းတောင် တွဲပြီးပါဦးမလား မသိ။

နောက်ပြီး ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ) ရဲ့ စကားကို အတွေးပွားပြီး ပြောပါရစေ။ အင်တာနက်ကို
တကယ်တမ်းအကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် မိမိဘဝကို လူတကာထက် သာလွန်အောင် အလွယ်တကူ
ဖန်တီးလို့ရနိုင်ပါပြီ။ ဒါတောင် G-talk လောက်နဲ့ တင်းတိမ်နေတဲ့လူတွေက ပြည်တွင်းမှာ ခပ်များများရယ်။
တခြားမပြောနဲ့ဗျာ။ အခုနှုတ်ခမ်းနီမလေးတွေကြားမှာ ခေတ်ထနေတဲ့ Justin Biber ကိုပဲကြည့်။
အင်တာနက်ကျေးဇူးကြောင့် သူဒီလို ကမ္ဘာကျော်ခဲ့ တယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးသိမှာပါ။
You Tube ကနေ သူသီချင်းဆိုနေတဲ့ပုံကိုတင်ပြီး နောက်ဆုံး pop ဂီတပညာရှင် Usher က တွေ့သွားပြီး
ဂျပ်စတင်ကို မြေတောင်မြှောက်ပေးခဲ့တဲ့ သာဓကတွေလဲ ရှိခဲ့တယ်လေ။ အခုတော့ ကျွန်တော်တို့ မြန်မာလူငယ်
တွေကတော့ ဒီလိုမဟုတ်ပါဘူး။ အွန်လိုင်းမှာ ဖွန်ကြောင်ဖို့နဲ့ အီစီကလီလောက်ပဲ သိကြတဲ့ကောင်တွေ ချည်းပဲ
အမှိုက်သရိုက်လို ဖြစ်နေကြပါတယ်ဗျာ။

ကျွန်တော်နောက်ဆုံး ပြောချင်တာကျတော့ လူငယ်များခင်ဗျား။
ဆိုးတာကဘယ်သူမဆို ဆိုးနိုင်ပါတယ်။ ဒါပေမယ့် မမိုက်မဲကြပါနဲ့လို့ ပြောချင်ပါတယ်။

0 comments:

Post a Comment