Sunday, October 30, 2011

ပခုက္ကူရေဘေးဓါတ်ပုံများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လှူဒါန်းငွေများ










ရေစီးဒဏ်ကြောင့် ကျိုးပျက်သွားသည့် ပခုက္ကူမြို့ အရှေ့ဘက် ပခုက္ကူ - မန္တလေး ကားလမ်းပေါ်ရှိ ရွှေချောင်း ချောင်းကူး ကွန်ကရစ် တံတားကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။

ရေစီးနှင့် အတူပါသွားသည့် နေအိမ် နေရာဟောင်းတွင် ရွှေ၊ ငွေ ပစ္စည်း ရှာဖွေနေသူ တဦးကို ပခုက္ကူမြို့ အရှေ့ဘက် ရွှေချောင်း အတွင်း သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ရေစီးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်ပျက်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီး တဦးကို ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် အတွင်း သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်း က တွေ့မြင် ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ)သဲများ အပြည့် ဖုံးအုပ်သွားခဲ့သည့် နေအိမ် နေရာဟောင်း တခုတွင် ပျောက်ဆုံးနေသူများနှင့် ပစ္စည်းများ ရှာဖွေနေသည့် ဆွေမျိုးသားချင်း တစုနှင့် ဝိုင်းအုံကြည့်ရှု နေသူများကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း အနီး တွေ့မြင် ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ )ရွှေချောင်း တံတားအစား ပခုက္ကူ-မန္တလေး သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲရန် သဲချောင်းကူး လမ်းတခု ယန္တရားများ အသုံးပြု တည်ဆောက် နေသည်ကို သောကြာနေ့ အောက်တိုဘာ ၂၁ ရက် ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်ရွှေချောင်းအနီးတွေ့မြင်ရစဉ်။(ဓါတ်ပုံ- မဇ္ဈိမ)
နေအိမ်များမျောပါသွားပြီး ချိုင့်ဝှမ်း ဖြစ်ကျန်ခဲ့သည့် ရွှေချောင်းတံတား အနီးနေရာ (ဓာတ်ပုံ - ဧရာဝတီ)

နေအိမ်များမျောပါသွားပြီး ချိုင့်ဝှမ်း ဖြစ်ကျန်ခဲ့သည့် ရွှေချောင်းတံတား အနီးနေရာ (ဓာတ်ပုံ - ဧရာဝတီ)



ပခုက္ကူမြို့ ၂ရပ်ကွက် အတွင်း နေအိမ်များ ရေထဲမျောပါ သွားပြီးနောက် မြင်ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အပြိုအပျက်များကြားက အမှတ်၃ ဒေါင်းလှရပ်ကွက် (ဓာတ်ပုံ - ဧရာဝတီ)
အပြိုအပျက်များကြားက အမှတ်၃ ဒေါင်းလှရပ်ကွက် (ဓာတ်ပုံ - ဧရာဝတီ)



မတ္တထောင်ဘုန်းကြီးကျောင်းအတင်း ထမင်းထုတ်ဝေနေစဉ်

ထမင်းထုတ် လာယူသော ကလေးငယ်တဦး


ရေဘေးကယ်ဆယ်ရေး စခန်းတွင် မီးသတ်နှင့် အရပ်သား အချို့ထမင်းထုတ်ဝေပေးစဉ်
 
ရေဘေးကြောင့် အိမ်ယာမဲ့သူများ မိုးကုတ်ဝိပသနာကျောင်းတိုက်ရှိရေဘေးကယ်ဆယ်ရေးစခန်းတွင် တွေ့ရစဉ်
u
ပခုက္ကူမြို့ ၃ရပ်ကွက်အတွင်းရှိ
တိုက်ခံ အိမ်တလုံး တခြမ်း ပြိုကျနေပုံ(၂၃.၁၀.၂၀၁၁)နံနက်ပိုင်း (ဓာတ်ပုံများ - ဧရာဝတီ)
ရေဘေးကြောင့် အပြိုအပျက်များ


အနှစ် (၂၀) ကျော် ရေမစီးခဲ့ သည့် ရွှေချောင်း အား ရုတ်တရက် ရေကြီးပြီး ရွှံ့ များဖြင့် ဖုံးလွှမ်းနေပုံကို ကောင်းကင် ဓါတ်ပုံ ဖြင့် မြင်ရပုံ -

ပခုက္ကူ မြို့ နယ် ရေဘေးသင့်ပြည်သူများအတွက် စင်္ကာပူရောက် ပခုက္ကူသားများမှ ကြိုးစားကောက်ခံရရှိသော အလှူငွေများမှ ပထမ အလှူအဖြစ် ပေါက်မြို့ နယ်၊ အင်းတော့ကျေးရွာ သို့ သွားရောက်လှူဒါန်းခဲ့သော ပုံများထဲမှ ပုံတစ်ပုံဖြစ်ပါတယ်....... ယခုမှ ပုံများကိုလက်ခံနေဆဲဖြစ်သဖြင့် ပထမဆုံးပုံအဖြစ်ဖော်ပြလိုက်ရပါတ ယ်......

စုစုပေါင်း လှုဒါန်းရန်ငွေ >> ၇ ၁၈၇ ၇၆၆ ကျပ် (အထက်)
ရန်ကုန်................... ၁ ၁၃၂ ၉၅၀ ကျပ်
မန္တလေး................. ၁၃၅ ၀၀၀ ကျပ်
မန္တလေး ထပ်ပေါင်း... ၄၁၉ ၀၁၆ ကျပ်
ကိုရီးယား................ ၁ ၀၂၈ ၀၀၀ ကျပ်
... ထိုင်း...................... ၁၅၀ ၀၀၀ ကျပ်
ဂျပန်..................... ၁ ၀၄၆ ၈၀၀ ကျပ်
စင်္ကာပူ.................. ၃ ၂၇၆ ၀၀၀ ကျပ် (၅၂၀၀ x ၆၃၀၊ မှန်းချေ)
မလေးရှား + အော်ဇီ + ဒူဘိုင်း
______________________________
 ___________________
စုစုပေါင်း................ ၇ ၁၈၇ ၇၆၆ ကျပ် (အထက်)
ရန်ကုန် မှလှူဒါန်းငွေ=၁၁၃၂၉၅၀

မန္တလေး မှလှူဒါန်းငွေ=၁၃၅ ၀၀၀ ကျပ်

(၁) ရန်ကုန် >> ကိုမျိုးသက်ပိုင်(09-5275239)
(၂) စင်္ကာပူ >> POSB Bank Saving Account: 245-93746-6
ဆက်သွယ်ရန် : ကိုဝနဆွေ(81014613), နိုင်ထူးအောင်(97767074)
(၃) မလေးရှား >> ကိုအောင်စိုး (+60163853222)
(၄) မန္တလေး >> TeZa Hlaing (0991046819)
... (၅) ထိုင်းနိုင်ငံ >> Miss Phyu Phyu Thi
Bank: Siam Commercial Public Company Limited
Account No: 667-263912-6
Ph: *+66) 0866360052
(6) ဒူဘိုင်း >> ကိုသက်နိုင်တင့် (+971 50 177 5318) (+971 55 745 0473)
(7) ကိုရီးယား >> ကိုဝင်းမင်းဦး (010 2738 8324) စိုးမိုးကျော် (010 833 99776)
(8) UK >>> ကိုရန်ရှင်းဦး
mobile 07830326308
Paypal: YSOMDY@GMAIL.COM
(9) Australia >> ကိုနိုင်အောင်
contact: +61 413015436
email: naingaung85@yahoo.com
bank information - BSB : 06 6001
Account Number : 1093 1614
(10)ဂျပန် >> Phyu Ei Thein
Mobile : 080 4354 2610
Post Bank Account
10050-95751771
ကိုဆက်သွယ်လှုဒါန်းပေးကြပါခင်ဗျာ
 ......

OVDR4MM အသိပေးကြေညာချက်

by ပခုက္ကူ ရေဘေးအလှု (OVDR4MM) on Wednesday, October 26, 2011 at 11:40am
ကမ္ဘာအရပ်ရပ်မှ ပခုက္ကူရေဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သဒ္ဒါထက်သန်စွာ လှုဒါန်းပေးကြသော စေတနာရှင် အားလုံးကို ရေဘေးဒုက္ခသည်များကိုယ်စား OVDR4MM မှ ကျေးဇူးအထူးတင်ရှိကြောင်း ပထမဆုံးပြောကြားလိုပါတယ်။

OVDR4MM အနေဖြင့် အလှုငွေကောက်ခံရာ နိုင်ငံအသီးသီမှ ပထမအသုတ်အနေဖြင့် အောက်တိုဘာလ ၂၈ရက်၊ သောကြာနေ့ အထိ အလှုခံရရှိသော အလှုငွေများကို ၂၉ရက် စနေနေ့ နံနက်တွင် ရန်ကုန်ရှိ ကိုမျိုးသက်ပိုင်ထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။ နိုင်ငံအသီးသီး နေရာဒေသ အသီးသီးမှ ကောက်ခံရရှိငွေများကို တိကျသေချာစွာ စာရင်းပြုလုပ်ပြီး အောက်တိုဘာလ ၃၀ရက်နေ့တွင် ရရှိလှုဒါန်းမည့် ငွေပမာဏကို သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ပါသည်။ ကောက်ခံရရှိသော အလှုငွေများကို စုစည်းပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပခုက္ကူမြို့သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။

OVDR4MM အနေဖြင့် ရေဘေးသင့်ဒေသများသို့ လှူဒါန်းရာတွင် ကောက်ခံရရှိသော အလှုငွေများကို ပခုက္ကူမြို့ရှိ အများယုံကြည်လေးစားရသော မြို့မိမြို့ဖများလက်သို့ လွှဲပြောင်းပေးအပ်ပြီး အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် အမှန်တကယ် လိုအပ်နေသူများ လက်သို့ ထိထိရောက်ရောက် လှူဒါန်းပေးအပ်နိုင်စေရန် မြို့မိမြို့ဖများအား စနစ်တကျ စီစဉ်ဆောင်ရွက်စေမည် ဖြစ်ပါသည်။ ဆက်သွယ်လှုဒါန်းရန် ဆက်သွယ်စီစဉ် ဆောင်ရွက်ထားရှိသော မြို့မိမြို့ဖများသို့လည်း တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ (ဆက်သွယ်ရန် ဦးမင်းဟန်(စံ ဘော်ဒါဆောင်) 09-2300854)

သွားရောက် လှုဒါန်းရာတွင်လည်း OVDR4MM ၏အက်ဒမင် အဖွဲ့ဝင်ဖြစ်သော ကိုသံလွင်မှ နိုဝင်ဘာလ ၇ရက်နေ့ တနင်္လာနေ့အထိ ပခုက္ကူမြို့သို့ သွားရောက်ပြီး လှုဒါန်းနေစဉ်အတွင်း လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ပြီး ရေဘေးသင့်ဒေသများရှိ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် လေ့လာမှုများလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

OVDR4MM အနေဖြင့်လည်း ယခုကဲ့သို စုပေါင်း၍ တတ်အားသမျှ လှူဒါန်းကြသည့် အလှုရှင်များ၏ လှုဒါန်းသည့်ငွေများ စနစ်တကျ ထိထိရောက်ရောက် လှုဒါန်းနိုင်ကြောင်း သေသေချာချာပြန်လည် ရှင်းလင်းပေမည်ဖြစ်ပါသည်။ ရရှိလာသော အလှုငွေများကို လှုဒါန်းရန်အတွက် စီမံဆောင်ရွက်ပေးမည့် သူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းများ၊ လှုဒါန်းထားသော အလှုငွေများကို မည်သို့ စီမံဆောင်ရွက်ကြောင်း စီမံလှုဒါန်းပေးမည့်သူများထံမှ စနစ်တကျ ပြန်လည်ရှင်းလင်းပေးမှုများ၊ ရေဘေးဒဏ်ခံရသော သူများမှ လက်ခံရရှိကြောင်းများကို OVDR4MM အနေဖြင့် စီမံဆောင်ရွက်ပေးသူများထံမှ ပြန်လည်ရရှိလာသော ငွေစာရင်းရှင်းတမ်းအား စနစ်တကျ ပြန်လည်ရှင်းလင်း မည်ဖြစ်ပါသည်။ 

 

မိမိတို့ OVDR4MM အနေဖြင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းနှင့်မျှ ပါဝင်ပါတ်သက်မှု မရှိပဲ စေတနာသန့်သန့် လူမှုရေးအတွက် ရည်ရွယ်၍ စုပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ လိုအပ်သည့် အကြံဥာဏ်များကိုလည်း ဒေသခံများ၊ သဘာဝဘေးဒဏ် ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းများမှ အကြံဥာဏ်များကို တန်ဖိုးထားရယူပြီး ပေးသည့်အခြေအနေ အချိန်အခါပေါ် မူတည်ပြီး အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားရန်လည်း ရည်ရွယ်ထားပါသည်။

စစခြင်း လုပ်ဆောင်မှုဖြစ်သော်လည်း OVDR4MM အနေဖြင့် ရရှိလာသော အချိန်တိုအတွင်း မိမိတို့တက်စွမ်းသမျှ အတက်နိုင်ဆုံး အကောင်းဆုံး စေတနာအား ကိုယ်အားဥာဏ်အား များစွာဖြင့် ရေဘေးသင့်ဒေသများကို အတက်နိုင်ဆုံး ထိထိရောက်ရောက် လှုဒါန်းနိုင်ရန်အတွက် ကြိုးစားအားထုတ်ထားပါသည်။

သွားရောက်ဆောင်ရွက်ပေးနေစဉ် အတွင်း၌လည်း လှုဒါန်းရာတွင် လိုအပ်ချက်ရှိသည့်နေရာများ၊ ထပ်မံလိုအပ်နေသည်များကိုလည်း လေ့လာစုံစမ်းသွားမည်လဲဖြစ်ပြီး အဆိုပါ တွေ့ရှိချက်များအား အခြေခံ၍ နိုဝင်ဘာလအတွင်း ကောက်ခံရရှိမှုများကို လှူဒါန်းရာတွင် လစ်ဟာမှု နည်းနိုင်သမျှ နည်းနိုင်စေရန် အထိရောက်ဆုံး လှုဒါန်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါသည်။

ပေးအပ်လှုဒါန်းမှု အစုစုအတွက် နိုင်ငံဒေသ အသီးသီးမှ ဝိုင်းဝန်းပါဝင် ထည့်ဝင်ကြသော အလှုရှင်များ ဝမ်းမြောက်စွာ သိရှိနိုင်ကြစေရန် ပခုက္ကူခရီးမှ ပြန်ရောက်လျှင်ရောက်ချင်း အတက်နိုင်ဆုံး မြန်နိုင်သမျှ အမြန်ဆုံး အသိပေး တင်ပြပေးမည်ဖြစ်ပါသည်။

ပခုက္ကူ ရေဘေးအလှု (OVDR4MM) Admin Team ကိုယ်စား

Naing Htoo Aung (Singapore)
977607074
ep.nainghtooaung@gmail.com

0 comments:

Post a Comment