Friday, October 21, 2011

ဦးနှောက်နှင့် အပြန်အလှန် ဆက်သွယ် နိုင်သည့် ကွန်ပျူတာ ချစ်ပ် အစ္စရေး တီထွင်

news
အစ္စရေးနိုင်ငံ တဲလ်အဗစ် တက္ကသိုလ်မှ ဇီဝကမ္မဗေဒ ပါမောက္ခ မက်တီမင့်ဇ် ဦးဆောင်သော သုတေသီ အဖွဲ့သည် ကြွက်၏ ဦးနှောက် တစ်စိတ် တစ်ပိုင်းနှင့် တူသော ကွန်ပျူတာချစ်ပ် ပြားကို စက်တင်ဘာလ ကုန်ပိုင်းက တီထွင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမေရိ ကန်ရူပဗေဒ အသင်း ၏ Website တွင် ရေးသား ဖော်ပြထားသည်။ ယခုအောင်မြင်မှုသည် ကျန်းမာ ရေးချို့ယွင်း မှုကြောင့် သို့မဟုတ်ဒဏ်ရာ ရရှိမှုကြောင့် ဦးနှောက် အစိတ်အပိုင်း တစ်ခုခု ပျက်စီးသွား သူများအတွက် ဦးနှောက်၏ လုပ်ငန်း ဆောင်တာများ ပုံမှန်ပြန်လုပ် နိုင်စေရန် ပူးပေါင်း ကူညီပေးမည့် စက် ကိရိယာများ တီထွင်နိုင်ရေး အတွက် လှေကားထစ် အသစ် တစ်ခု တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း ၌ ဖော်ပြထားသည်။ အဆိုပါ ချစ်ပ်ပြားသည် ကြွက်၏ ဦးနှောက်ငယ် (Cerebellum) ၏ လုပ်ငန်း ဆောင်တာ များထဲမှ တစ်ခုကို ထပ်တူ တုပ စွမ်းဆောင် နိုင်ကြောင်း သိရသည်။
ဦးနှောက်ငယ်ဆိုသည်မှာ ဦးနှောက်၏ အောက်ဖက်ကျောရိုးအာရုံ ကြောမကြီး ထွက်ရာ နေရာတွင် သီးခြားတည် ရှိသော ဦးနှောက်၏ အပိုင်းခွဲတစ်ခုဖြစ်ကာ ခန္ဓာကိုယ် လှုပ်ရှားမှု အသစ် အမျိုးမျိုး (ဥပမာ လူသားများတွင် ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ကြိုးတန်း လမ်းလျှောက် ခြင်း စသောမွေးရာပါ မဟုတ်သည့် လှုပ် ရှားမှုများ)ကို ဟန်ချက်ညီညီ လှုပ်ရှား တတ်အောင် သဘာဝ အလျောက်သင်ယူ ခြင်းကို အဓိကတာဝန်အဖြစ်ထမ်း ဆောင်သည်။ သုတေသီ များသည် ကြွက်၏ ဦးနှောက်ငယ် အတွင်းရှိ ဆက်သွယ်မှု သင်္ကေတများ အဝင်အထွက်ပုံစံများကို လေ့လာ ခဲ့ကြပြီး သက်ဆိုင်ရာ လှုံ့ဆော်မှု သင်္ကေတအသီးသီးကို ဦးနှောက်က မည်ကဲ့သို့ တုံ့ပြန် သနည်းဟု ယှဉ်တွဲ မှတ်တမ်း ပြုခဲ့ကြသည်။ ထိုမှတ်တမ်းမှ တစ်ဆင့် ကြွက်၏ ဦးနှောက်ငယ် အတိုင်း တူညီသော အဝင်အထွက်လှုံ့ဆော်မှု သင်္ကေတများ ဖန်တီးနိုင် သော ချပ်စ်ပြား ကို တည်ဆောက် ခဲ့ခြင်းဖြစ်လေသည်။ တည်ဆောက်ပြီးသောအခါ ကြွက်၏ ဦး နှောက်ငယ်ကို ဖယ်ရှား၍ အဆိုပါ ချစ်ပ် ပြားကို ခေတ္တအစား ထိုးကြည့်ပြီး ဦးနှောက် ငယ်နှင့် ထပ်တူညီသော စွမ်းဆောင်ရည် ရှိ၊ မရှိ ကြည့်ရှုစမ်းသပ်ကာ မအောင်မြင် မချင်း ကြိုးစား တည်ဆောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဦးနှောက်ငယ်အစားထိုး ချစ်ပ်ပြားကို ပြင်ပမှထိန်းချုပ်ခြင်း အား ဖြင့် အစမ်းသပ်ခံ ကြွက်ငယ်အား မျက် တောင်ခတ်စေခြင်း ကဲ့သို့သော အသေး အပြန်အလှန်ဆက်သွယ်ခြင်းကို ပြုလုပ် နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ဤပညာရပ်နယ် ပယ်တွင် တိုးတက်မှုများ ဆက်လက် ဖော်ဆောင်နိုင်မည် ဆိုပါက လေဖြတ်ခြင်း၊ ဦးခေါင်းပိုင်း ဒဏ်ရာရခြင်းများကဲ့သို့ ဦးနှောက်ပျက်စီးကာ စွမ်းဆောင် ရည် များ ဆုံးရှုံးနေသူများ အတွက်ဦးနှောက် တစ်စိတ်တစ်ပိုင်း အစားထိုးကုသမှုပြု လုပ်နိုင်လာမည်ဟု မျှော်လင့်ထားကြောင်း အစ္စရေး ဇီဝကမ္မဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ ကမ္ဘာ့ပထမ ဆုံး ဦးနှောက်နှင့် အပြန်အလှန် ဆက်သွယ်နိုင်သော ကွန်ပျူတာ ချစ်ပ်ပြားတီထွင်အောင်မြင်မှု ကို အောက်တိုဘာလအတွင်း ဗြိတိန်နိုင်ငံ ၌ ကျင်းပမည့် ဇီဝသိပ္ပံနည်းပညာ ညီလာ ခံတွင် အစီရင်ခံ တင်ပြသွားမည်ဖြစ် သည်။

0 comments:

Post a Comment