Wednesday, October 19, 2011

လူမှုရေးနှင့် ကွန်ပျူတာပညာရပ်...........


ကွန်ပျူတာသည် လုပ်ငန်းခွင်တိုင်းတွင် မရှိမဖြစ်လိုအပ်သောအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျှက် ရှိသည်။ ထို့ကြောင့် ကွန်ပျူတာအကြောင်းအခြေခံမရှိသေးသူများ၊ စာစီစာရိုက်ခြင်းနှင့် ပတ်သက်၍ သိရှိလိုသူများ၊ ကွန်ပျူတာအသုံးပြုပြီးဒီဇိုင်းနာလုပ်လိုသူများ၊ အခြေခံကျကျ နားလည်ရန်နှင့် လက်တွေ့ ကျကျ အသုံးချနိုင်ရန်အတွက် စေတနာအပြည့်ဖြင့် ကွန်ပျူတာပညာရှင်များဖြစ်သောဦးဇော်ထွန်းနှင့် ဦးတင်ထက်(ဓါတ်ပုံ) တို့မှ ကွန်ပျူတာပညာရပ်များကိုအခြေခံကျကျ သင်ကြားပေးသွားမည်ဖြစ်သည်။

          ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးကျောင်းနိုင်ပြီးယုံကြည်မှုအပြည့်နှင့် အောင်မြင်တဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့သခြင်း ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၀န်ထမ်းများ၊ အသင်းသူ/သားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၀န်ထမ်းများနှင့် အင်္ဂလိပ်စာသင်တန်းတွင် အချိန်ပြည့်၊ ရက်ပြည့်တက်ရောက်သင်ကြားခဲ့သောသင်တန်းသား/သူများတို့အားသင်ကြားပို့ချ ပေးနေပြီဖြစ်သည်။သင်တန်းချိန်များအားနံနက်ပိုင်း (၁၀း၀၀) မှ (၁၂း၀၀) ထိ၊ နေ့လည် (၁း၀၀) မှ (၃း၀၀) ထိ၊ ညနေ (၅း၀၀) မှ (၇း၀၀) ထိအချိန် (၃) ချိန် ခွဲ၍ တစ်ပါတ်လျှင် (၅) ရက် (တနင်္လာနေ့မှ သောကြာနေ့) သင်ကြားပေးလျှက်ရှိသည်။

ခေတ်မီတိုးတက်သော နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်ကိုထူထောင်ရာ၌ နာရေးကူညီမှု အသင်း(ရန်ကုန်) အနေနှင့်လည်းအချိန်နှင့်တပြေးညီကူညီပံ့ပိုးဖေးမမှုတို့ကိုလုပ်ဆောင်ရာ၌ နောက်တန်းအင်အားစုဖြစ်သော ရုံးချုပ်အဖွဲ့သားများအနေနှင့် တိကျမှန်ကန် ယုံကြည်မှုပြည့်ဝစွာဖြင့် ခေတ်မီတိုးတက်သောကွန်ပျူတာပညာရပ်နှင့် တစ်ခန်းတစ်ကဏ္ဍ ပေးဆပ်မှုများ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

































0 comments:

Post a Comment