Website မှ ပုံများကို အသုံးပြုတဲ့အခါ တစ်ခါတစ်ရံ မိမိအသုံးပြုတဲ့ပုံက Website မှာ မရှိတော့ရင် Blank ဖြစ်သွားတတ်သလို Picture Not Found ဆိုတဲ့စာတွေ ပေါ်လာတတ်ပါတယ်...
ဒီတော့ မိမိကိုယ်ပိုင်ပုံလေးကို အသုံးပြုတဲ့အခါ Double Helix Bridge ကို သီးခြားရိုက်ထားတာ မရှိတဲ့အတွက် လွမ်းပါနေတဲ့ ဓါတ်ပုံမှာ လွမ်းပုံကို ဖြတ်ထုတ်ဖို့  PhotoShop Software ကို အသုံးပြုခဲ့ပါတယ်...
ပုံတွေကို Edit လုပ်တဲ့အခါဖြစ်စေ၊ ပုံတွေမှာ စာရေးတဲ့အခါဖြစ်စေ၊ Animation စာလေးတွေ လုပ်ချင်တဲ့အခါ လွမ်း PhotoShop Software ကို အသုံးပြုပါတယ်...
လွမ်းပုံကို ဖြတ်ထုတ်ထားပုံအဆင့်ဆင့် ရေးပြပါမယ်...
ပထမ လွမ်းပုံကို ဖြတ်ထုတ်ဖို့  Select ပြုလုပ်ပေးရပါတယ်... Select လုပ်ဖို့  လွမ်း Magnetic Lasso Tool ကို ရွေးချယ်ပါတယ်... အဲဒီ့ Tool က Color Pixel တူတဲ့နေရာလေးတွေကို သံလိုက်လေးလို ကပ်ပြီး ရွေးရလွယ်လို့ ပါ... အဲလို Select လုပ်ပြီးတာနဲ့  Edit >>> Cut ပြုလုပ်လိုက်ပါတယ်... ခုမြင်ရတဲ့ပုံထဲက ဖြတ်ထားတဲ့ ဖြူနေတဲ့နေရာက လွမ်းရဲ့ပုံစံလေးပါပဲ... :P
Zoom ဆွဲကြည့်ရင်တော့ သိသာတာပေါ့နော်... ဒီလိုလေး Fit လုပ်ကြည့်ရင်တော့ မသိသာပါဘူး... :P
ပုံလေးကို အချောသတ်ပြင်ဆင်ပြီး ခရီးသွားမှတ်တမ်းလေးမှာ ဒီလိုထည့်ပေးထားတာပါ... :)
ကွန်ပျူတာနည်းပညာများ တတ်ကျွမ်းကြပါစေ....
0 comments:
Post a Comment