Tuesday, October 25, 2011

နောက်ကွယ်က သိပ္ပံ

နောက်ကွယ်က သိပ္ပံ
နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ ဒီနေ့ခေတ် မိုဘိုင်းကို ဒုက္ခပေး နေတဲ့ ကြီးမားတဲ့ ပြဿနာ ကြီးနှစ်ခု အဆုံးသတ် သွားတာမြင် ရပါ လိမ့်မယ်။ ဘက်ထရီ သက်တမ်းနဲ့ နှေးကွေးတဲ့ broadband တို့ ဖြစ်ပါတယ်။ အမေရိကန် WiMax 4G ကွန်ရက်ဟာ Sprint Network ရဲ့ ပထမဆုံး 4G ကိရိယာ HTC Evo ပေါ်ထွက် လာခြင်းနဲ့အတူ တာထွက် ကောင်းနေပါ တယ်။ ယူကေမှာတော့ အပြိုင် 4G နည်းပညာဖြစ်တဲ့ Long Term Evolution (LTE) ကို သုံးနေပါတယ်။ ၂၀၂၀ ပြည့်နှစ် ရောက်တဲ့အခါ LTE Advanced က Download speed ကို One Gigabit per second နဲ့ ထောက်ပံ့ ပေးပါလိမ့် မယ်။
ဒါက HD ရုပ်ရှင် Download ချမှုကို စက္ကန့်ပိုင်းအတွင်းရရှိစေပြီး cloud computing ကို နေ့စဉ်သုံးစွဲလို့ရအောင် လုပ်ပေးမယ်။ နည်းပညာက လက်ရှိ 3G ကွန်ရက်ကိုလည်း အတူတွဲတည်ရှိနေစေမှာဖြစ်ပြီး bandwidth တွေ ရှင်းလင်း စေကာ အမြန်နှုန်းကိုလည်း တိုးစေမှာဖြစ်ပါတယ်။ အလွန် တရာထိရောက်မြန်ဆန်တဲ့ memristor တွေ မိတ်ဆက် ပေးလာခြင်းနဲ့အတူ ဝက်ဘ်စာမျက်နှာတွေနဲ့ အီးမေးလ်တွေ download ချဖို့ ဆက်သွယ်ချိန်က စက္ကန့်နဲ့ မဟုတ်ဘဲ မီလီစက္ကန့်နဲ့ တိုင်းတာလာရတဲ့အခါ ဘက်ထရီသက် တမ်းက တိုးတက်လာပါလိမ့်မယ်။ အလုံးစုံသော ဖြေရှင်းချက်က fuel cell အသွင်နဲ့ စောင့်ဆိုင်းနေမှာဖြစ်ပြီး ၂၀၂၀ ရောက်တဲ့အခါ ဘက်ထရီ သက်တမ်းကို ကြီးကြီးမားမားတိုးမြှင့်ပေးမှာပါ။ ပြီးတော့ လေထဲကနေပြီး ဝါယာလက်နည်းနဲ့ အားသွင်း ပေးပါလိမ့်မယ်။ Peugot ရဲ့ EX1 စိတ်ကူး ပုံစံကားက နှစ်ယောက်စီးလျှပ်စစ် Roadster ဖြစ်ပြီး လေးဘီးမောင်းနဲ့ Roadster ထုတ်ပေးပါတယ်။ ဝက်ဘ်စွမ်းရည်ရှိကားတွေက သင်ဘယ်သွား နေတယ်ဆိုတာသိပြီး အဲဒီကိုယာဉ်တိုက်မှုမဖြစ်ဘဲ ရောက်အောင်ပို့ပေး မယ်။
စမတ်ဖုန်း
နည်းပညာဆိုင်ရာလောကမှာ အားလုံးကိုလုပ်ပေးနိုင်တဲ့ မိုဘိုင်း ကိရိယာဖြစ်တဲ့ စမတ်ဖုန်းလောက် မြန်မြန်ဆန်ဆန်တိုးတက်နေတဲ့အရာ မရှိပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖုန်းခေါ်တာ၊ စာရိုက်ဖို့က သေးငယ်တဲ့ ဓာတ်ပုံတွေရိုက်တာ ဒါမှမဟုတ် လေးလံတဲ့ WAP site တွေမှာ browse လုပ်ရတာဟာ မြင့်မားတဲ့ ရည်မှန်းချက် ဖြစ်နေခဲ့တယ်။ အခုတော့ သင်ဟာ အဲဒါနဲ့ ဝက်ဘ်အပေါ်လှိုင်းစီး၊ ဈေးဝယ်၊ လမ်းကြောင်းရှာ၊ HD ရုပ်ရှင်တွေရိုက်ပြီး ရေချိုးကန်ကို ဘောင်ဖြည့်ခိုင်းနိုင်ဦးမယ်။ ဒီကနေပြီး ဘာတွေဆက်ဖြစ်လာဦးမလဲ။ Projector တစ်ပါတည်းပါတဲ့ ဖုန်းတွေ၊ မွှေး ကြိုင်တဲ့ Cantridge တွေနဲ့ ဦးနှောက်နဲ့ချိတ်ထားတဲ့ စမတ်ဖုန်းတွေကိုတောင် စိတ်ကူးပုံစံအဖြစ် ကျွန်တော်တို့မြင်တွေ့ဖူးခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူတို့တွေကို ၂၀၂၀ ဒါမှမဟုတ် ၂၀၅၀ ရောက်တဲ့အထိ တွေ့ရဦးမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ့ရမှာက စမတ်ဖုန်း app ပုံစံတွေက အခြားနည်းပညာ တွေဆီ ရောက်ရှိလာမှာကိုပဲ ဖြစ်ပါတယ်။
TV
၂၀၁၂ ပြည့်နှစ်မှာ 3DTV တွေက နောက်ဆုံးနည်းပညာပြခန်းတွေ ကနေ ထွက်ခွာပြီး ကျွန်တော်တို့ရဲ့နေအိမ်တွေထဲ ဝင်လာပါတယ်။ ၃ီ Blu-ray ဖွင့်စက်၊ Projector နဲ့ 3D Channel တွေလည်း ရှိလာတယ်။ ဒါပေမဲ့ အခုထိတော့ အရှိန်ရမှုက နှေးကွေးနေပေမယ့် ကြည့်ချင်တဲ့သူတွေဟာ ကုန်ကျစရိတ်တွေ အများကြီးပေးရပြီး Content ကင်းမဲ့မှုတွေ ကြုံရတယ်။ မျက်မှန်လည်း တပ်ရဦးမယ်။ 3D TV က ၂၀၂၀ အထိတောင် ခံပါ့မလား။ အခြားသော ကြီးမားစွာ တိုးတက်လာတဲ့အပိုင်းက IPTV-on-demand ကို သင့်ရဲ့ကွန်ပျူတာက ရရှိနိုင်တာဖြစ်ပါတယ်။ တရားမဝင် ခိုးယူသူတွေ က YouTube, Megavideo တွေကနေ ရှေ့ဆောင်လမ်းဖောက်ခဲ့ပြီးနောက် တော့ BBC iPlayer လို တရားဝင်တွေ ပေါ်ပေါက်လာတယ်။ အွန်လိုင်း ဝန်ဆောင်မှုဟာ Content တွေစားသုံးဖို့ ကျွန်တော်တို့ပိုပြီး နှစ်သက်တဲ့ နည်းလမ်းမြန်မြန်ဆန်ဆန် ဖြစ်လာပါတယ်။
နောက်ကွယ်က သိပ္ပံ
3D က လက်ရှိမှာ လက်တွေ့ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတဲ့ နည်း ပညာဆန်းကြယ်မှုသာ ဖြစ်နေပါသေးတယ်။ သိပ်ပြီးသားနားတာမဟုတ် တဲ့ မျက်မှန်တွေသုံးပြီး ရုပ်ပုံနှစ်ခုကိုပေါင်းစပ်ကာ ထုအနက်ရအောင် အမြင်လှည့်စားမှုဖြစ်စေတယ်။ နောက်ဆယ်စုနှစ်အတွက် ကြီးမားတဲ့ မေးခွန်းက မျက်မှန်မလိုတဲ့ ၃ီ တွေ စီးပွားဖြစ်ရလာနိုင်မလားဆိုတာပါပဲ။ မကြာသေးခင်က ဘာလင်နည်းပညာပြပွဲမှာ Philips က နောက်ဆုံးပေါ် မျက်မှန်မလိုတဲ့ 3D TVရှေ့ပြေးပုံစံ ပြသခဲ့တယ်။ နောက်ဆယ်စုနှစ်ပြောင်း တဲ့အခါ အဲဒါက ၅၆ လက်မအရွယ်အစားနဲ့ အစစ်အမှန်ဖြစ်လာမလား။ TV က Ninendo 3DS ဂိမ်းစက်ကလို parallax barier နည်းပညာကို သုံးပါတယ်။ ယခင် Philips 3D ရှေ့ပြေးပုံစံက Leticular နည်းပညာကို သုံးပါတယ်။
Parallax barrier မှာ အလွန်တိကျစွာနဲ့ အစင်းတွေပုံစံဖြတ်ထားတဲ့ LCD ကို ပုံမှန် LCD ရဲ့ရှေ့မှာ နေရာချထားတယ်။ ဒီဥစ္စာနဲ့ပတ်သက်ပြီး အဓိကပြဿနာ က viewing angle ဖြစ်ပါတယ်။ ပုံဖော် dispaly ရှေ့တည့်တည့်ကလွဲပြီး အခြား နေရာကကြည့်ရင် 3D effect ပျက်စီးသွားရလိမ့်မယ်။ ဒါကဖြေရှင်းလို့ မရ နိုင်တဲ့ ပုံပေါ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ရောက်တဲ့အခါ ကျွန်တော်တို့တ တွေအားလုံးက မျက်မှန်တပ်ရင်လည်း တပ်နေရမယ်။ ဒါမှမဟုတ်ရင် လည်း 3D တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလိမ့်မယ်။ ဟိုလိုဂရပ်ဖစ် 3D တွေကလည်း ဖြစ်လာနိုင်စရာမရှိပါဘူး။ 3D အပြည့်နဲ့ဆိုရင် နောက်ခံ ဆက်တင်ဒီဇိုင်နာတွေက ဦးနှောက်ခြောက်အောင် လုပ်နေရပါလိမ့်မယ်။ အဲဒါကို CGI အနေနဲ့ပဲ မြင်ရဖို့ရာများပါတယ်။
Gaming
တရားဝင် Xbox မဂ္ဂဇင်းရဲ့ အယ်ဒီတာက မိုက်ကရိုဆော့ဖ်ရဲ့ Kinect ကို အနာဂတ်လို့ ပြောပါတယ်။ သူကတော့ အဲဒီလိုပဲ ပြောမှာဘဲလေ။ Kinect နဲ့အတူ ပြောင်းလဲမှုက အရမ်းကြီးမားပါတယ်။ ဒါကြောင့် မျက်လုံး ထဲဖော်ယူကြည့်ဖို့တောင် ခက်ပါတယ်။ အရင်ဆော့ဖ်ဝဲကို ဒီလိုထိန်းချုပ် ဖို့ ရွေးချယ်စရာနည်းလမ်း မရှိခဲ့ပါဘူး။ ထိန်းချုပ်မှုလက်ကိုင်မပါတဲ့နည်းနဲ့ ကိုက်ညီအောင် ဂိမ်းတွေစတင်ပြီး ဖန်တီးလာကြတဲ့အခါ တကယ်ပဲ စိတ် ဝင်စားစရာကောင်းတဲ့ အရာတွေဖြစ်လာပါတယ်။ မိုက်ကရိုဆော့ဖ်ရဲ့ ဖန်တီးမှုဟာ Gaming မှာပဲ ကန့်သတ်ခံထားရမှာ မဟုတ်ပါဘူး။ ကန့်သတ် ချက်က မိုးကောင်းကင်ပဲ ရှိပါတယ်။ ယနေ့သင်ပိုင်ဆိုင်ထားတဲ့ Gadget နောင် ၁၀ နှစ်မှာ ဖြစ်လာမယ့်ပုံစံ ဒါကို သင်သတိပြုမိချင်မှ ပြုမိမယ်။ ဒါပေမဲ့ သင်ဟာ အစမ်းသပ်ခံ ပူးလေးတစ်ကောင်သာ ဖြစ်ပါတယ်။ ဒီ ကနေ့ သင်ပိုင်ဆိုင်အသုံးပြုနေတဲ့ Gadget အချို့ဟာ မနက်ဖြန်မှာ ဆက် ဖြစ်လာမယ့်အရာတွေနဲ့ ဆယ်နှစ်အတွင်း ကျွန်တော်တို့အလုပ်လုပ်ပုံ၊ အနားယူပုံနဲ့ ကစားပုံတွေရဲ့ ပင်မကျောရိုးအဖြစ် ထောက်ပံ့ပေးပါလိမ့် မယ်။ မဖြစ်နိုင်မယ့်ပုံ ပေါ်နေပါသလား။ လွန်ခဲ့တဲ့ ၁၀ နှစ်က နည်းပညာ လောကနယ်ပယ်ကို ပြန်တွေးကြည့်ပါ။
ဂြိုဟ်တုလမ်းပြ satnav တွေက ရှားပါးလွန်းတယ်။ အီးမေးလ်က အသစ်အဆန်းဖြစ်နေပြီး MP3 ဖွင့်စက် အထဲ သီချင်းဆယ်ပုဒ်ဝင်ဆံ့ရင် ကံကောင်းတယ်လို့ မှတ်ယူရပါမယ်။ ဒါပေမဲ့ နည်းပညာက ရှိနှင့်ပြီးသားပါ။ ရှေးဦးကျ အကြမ်းထည်ဆန်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ ဒီနေ့သုံးစွဲနေတဲ့ Gadget တွေကို လမ်းပေါ်ချ ရောင်းတဲ့ပုံစံနဲ့ စမ်းသပ်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ၂၀၁၂ ရောက်တဲ့အခါ စမတ်ဖုန်းတွေက ပီစီတွေထက်ပိုပြီးကျော်လွန်ရောင်းချရဖို့ ချိန်ရွယ်နေ ပြီး အမူအရာနဲ့ထိန်းချုပ်တဲ့ ဂိမ်းကစားမှုက Kinect နဲ့အတူ နေအိမ်ထဲ ဝင်ရောက်လာကာ augmented reality က ပင်မရေစီးဖြစ်လာတဲ့အခါ နည်း ပညာနယ်ပယ်လောကက တစ်ဖန်ပြန်ပြီး ပြောင်းလဲနေပြန်ပါပြီ။ သင့်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ဝယ်ယူမှုတွေက ဆင့်ကဲဖြစ်စဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ ပေါ်လာတဲ့မေးခွန်းက ဒီနေ့ သင်သုံးနေတဲ့ နည်းပညာဟာ ၂၀၂၀ ရောက်တဲ့အခါ ဘယ်လိုဖြစ်နေမလဲ ဆိုတာပါပဲ။
Tablets
iPad, Galaxy Tab စတာတွေက Gadget အရုဏ်ဦးခေတ်သစ်ကို ကိုယ် စားပြုနေပါတယ်။ ၂၀၂၀ ပြည့်နှစ်ရောက်တဲ့အခါ Tablet တွေက စက္ကူလို ပါးလွှာပြီး အလွန်တရာပျော့ပျောင်းကာ ဂျင်းဘောင်း ဘီအိတ်ကပ်ထဲ အ လိုက်သင့် ညွတ်ပျောင်းနိုင်မယ်။ Tablet တွေက Laptop တွေကို ပျောက် ကွယ်သွားစေမလားဆိုတာကတော့ အသံမှတ်သားသိရှိမှု ဘယ်လိုတိုး တက်လာမလဲဆိုတာနဲ့ အဲဒါက ပင်မရေစီးဖြစ် လာမလား ဆိုတဲ့ အချက် တွေအပေါ် မူတည်နေပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကီးဘုတ်အပေါ်မှာ စာရိုက်ရတာက ဒေတာသွင်းဖို့ရာ အမြန်ဆုံးနည်းဖြစ်နေဦးမယ်။ ရှုပ် ထွေးတဲ့ ဓါတ်ပုံနဲ့ဗီဒီယိုတည်းဖြတ်မှု app တွေက Tablet အပေါ်မှာ ဖြစ်နိုင် တာထက် ပိုတဲ့တိကျမှုတွေ လိုပါလိမ့်မယ်။ နောက်ကွယ်ကသိပံ္ပ
ပိုများတဲ့ Storage ၊ ပိုများတဲ့ Power
Samsung က ကွေးညွှတ်နိုင်တဲ့ Screen ရှေးဦးအကြိုပုံစံကိုြွကားဝါ ထုတ်ပြခဲ့တဲ့အခါ LG နဲ့ Nokia တို့ကလည်း ၎င်းနဲ့ဆက်နွယ်ရာ နည်းပညာ မူပိုင်ခွင့်တွေတင်ခဲ့တယ်။ ဒီကိစ္စကို အမေရိကန်စစ်ဘက်ဆိုင်ရာက စိတ် ဝင်စားနေပြီး အရီဇိုးနားပြည်နယ် တက္ကသိုလ်ရဲ့သုတေသနကို ဘဏ္ဍာငွေ ထောက်ပံ့နေတယ်။ စစ်မြေပြင်မှာ ဌာနချုပ်နဲ့ တိုက်ရိုက်ဆက်သွယ် ထားတဲ့ အကြမ်းခံပြီးလိပ်လို့ရတဲ့ Screen ကလေးလံပြီး ထိခိုက်ပျက်စီး လွယ်တဲ့ Laptop တွေထက် အများကြီးပိုကောင်းပါလိမ့်မယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေ ပျော့ပျောင်းအောင်လုပ်ဖို့က ကြီးမားတဲ့စိန်ခေါ်မှုကြီး ပါ။ Hand drive တွေက ၂၀၂၀ မှာ အလွန်ရှေးကျတဲ့အရာဖြစ်သွားပြီး Flash storage တောင် အနည်းငယ်ခေတ်နောက်ကျနေနိုင်ပါတယ်။
HP ဟာ ကျွန်တော်တို့ ဒီနေ့ gadget တွေများစွာမှာ မြင်နေရတဲ့ storage medium တွေကို အစားထိုးဖို့ ရှာဖွေလျက်ရှိပြီး memristor နည်းပညာအပေါ် ကြီး မားစွာ ရင်းနှီးမြှုပ်နှံနေပါတယ်။ ဒီနည်းပညာ အသစ်သုံးပြီးလုပ်ထားတဲ့ drive တွေက ၁၀ ဆပိုမြန်မယ်။ ပြန်လည်ရေးသားတဲ့အခါလည်း ခံနိုင် ရည်ပိုကောင်းတယ်။ ပြီးတော့ ပါဝါကိုဆယ်ပုံတစ်ပုံသာ ဆွဲယူသုံးစွဲပါ လိမ့်မယ်။ ဘက်ထရီသက်တမ်း ပိုရှည်လာမယ်။ အလွန်တရာမြန်ဆန်တဲ့ 4G ဝါယာလက် broadband က တစ်ဆင့် cloud သို့ ဆက်သွယ်နိုင်မှုကလည်း storage လိုအပ်ချက်ကို လျှော့ချပေးပါလိမ့်မယ်။ Qualcomm က သူ့ရဲ့ ထိပ်တန်း 1GHz Processor ကို 1.7 GHz dual core အဖြစ် အဆင့်မြှင့်ပေးခဲ့ပြီး ပြီ။ Moore's law က ဘယ်လိုပြောသလဲဆိုရင် ဆယ်နှစ်ကြာတဲ့အခါတိုင်း ကျွန်တော်တို့ရဲ့ Tablet တွေနဲ့ အခြားကိရိယာတွေကို စွမ်းအားပေးတဲ့ Processor က iPad ကို Pentium 486 အပေါ် run ရတဲ့ ပုံစံမျိုးဖြစ်စေမယ်လို့ ဆိုထားပါတယ်။
Touch Projection
Light Touch Optics ဟာ touch screen ဝန်းကျင်အဖြစ်ပါသုံးလို့ရမယ့် pico projector ကို ရှေ့ဆောင်စမ်းသပ်လျက်ရှိပါတယ်။ သူရဲ့အဆုံးစွန်သော ရည်မှန်းချက်က mouse နဲ့ keyboard တွေကို အပြီးအပိုင်ဖယ်ထုတ်ပစ်ဖို့ပါပဲ။ ၎င်း ရဲ့ နည်းပညာအရာရှိချုပ်က “Holographic Light Projector ဟာ အခြားပုံ ဖော်နည်းပညာတွေမလုပ်နိုင်တာ လုပ်ပေးနိုင်တယ်” လို့ ပြောပါတယ်။ “တီထွင်ဖော်ထုတ်ရင်းနဲ့ မော်ဂျူးရဲ့အရွယ်အစားနဲ့ ကုန်ကျစရိတ်ကို လျှော့ချလာနိုင်ရင် Projector ကို ဘယ်နေရာမှာမဆို တစ်သားတည်း ပေါင်းစပ်ထည့်သွင်းလာနိုင်မယ်။ အဲဒါက အတုအယောင်ပုံစံဖြစ်တဲ့ အတွက် ဝါယာလက် multimedia အတွေ့အကြုံကို ပေးကမ်းနိုင်တယ်။ သမားရိုးကျ touchscreen တွေ မလုပ်နိုင်တာမျိုး လုပ်ပေးပါတယ်” ။
ဒီလိုဘယ်နေရာမှာမဆို သုံးနိုင်တဲ့ Touch screen အမျိုးအစားက မျိုးစုံ အသုံးချနိုင်တယ်။ စားသောက်ဆိုင်စားပွဲအပေါ်ထိုးချပေးခြင်းအားဖြင့် တုံ့ပြန်သက်ဝင်မှုရှိတဲ့ မှာယူမှု၊ ငွေပေးချေမှုတွေ လုပ်လို့ရမယ်။ လမ်း ပေါ်မှာဆိုရင် တုံ့ပြန်သက်ဝင်မှုရှိတဲ့ ကြော်ငြာတွေဖြစ်လာမယ်။ ဈေးလျှော့ ပေးမှုနဲ့ ထုတ်ကုန်အသစ်တွေအကြောင်းရရှိဖို့ အရိပ်ထိုးချပြထားတဲ့ ကြော်ငြာသင်ပုန်းမှာ သင့်ရဲ့အီးမေးလ်လိပ်စာထည့်ပေးနိုင်မယ်။ ၂၀၂၀ ပြည့်နှစ်မှာ အပြည့်အဝ 3D ဟိုလိုဂရပ်ဖစ်ရုပ်ြွကတွေကိုတောင် မြင်ရ စရာရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်ရောက်တဲ့အခါ သင့်အိမ်ရဲ့အခန်းတိုင်းမှာ ရေစိုခံပြီး စက္ကူလိုပါးလွှာပျော့ပျောင်းတဲ့ tablet ကွန်ပျူတာ တွေ ရှိလာမယ်။

0 comments:

Post a Comment