Friday, October 14, 2011

ဘန်ကောက် မြို့နေ ပြည်သူများအား နေအိမ်မှ စွန့်ခွာရန် သတိပေး

ရေကြီး ရေလျှံမှုများ ဖြစ်ပွား လာနေသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော နေရာ ဒေသများ ရှိ နေထိုင် သူများကို နေအိမ်များ မှ စွန့်ခွာကြရန် ထိုင်းအစိုးရမှ သတိပေးချက် ထုန်ပြန်လိုက် ပြီဖြစ်သည်။ အဆိုပါ အမိန့်ကို လွန်ခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး မြို့မြောက် ပိုင်းပတ်ဝန်းကျင် တွင်နေထိုင်သူ တစ်သောင်းခန့်မှာ နေရာရွေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

တူးမြောင်းများမှ ရေများမှာ အချို့နေရာများတွင် ဒူးမြုပ်လောက်သည့် အခြေအနေသို့ရောက်နေပြီး အချို့သော ဒေသခံများမှာ စတင်ရွေ့ပြောင်းနေပြီဖြစ်သော်လည်း အချို့မှာမူ ၎င်း တို့၏ပိုင်ဆိုင် ပစ္စည်းများကို ပြောင်းရွေ့ရန်အတွက် သယ်ဆောင်ရန် လှေများမရှိသဖြင့် ဆက်လက်နေထိုင် နေဆဲပင် ဖြစ်သည်။ အစိုးရမှာ Chao Phraya မြစ်အားရေထပ်မံမတက်လာစေရေးအတွက် အထက်ပိုင်း များကို တူးဖော်နေကြသော်လည်း စံချိန်တင်ရွားသွန်း ခဲ့သည့်မိုးနှင့် အတူ မြစ်ရေကြီး မှုများကြောင့် ရေတက် မှု မြင့်တက်နေ ဆဲဖြစ်ပြီး ရေတား နံရံကို ကျော်လွန်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မိုးလေဝသ ပညာရှင် များ၏ ခန့်မှန်းချက်အရ လာမည့် အပတ်အစောပိုင်း အထိ ပင်လယ်ရေ မြင့်တက်နေနိုင် ဆဲဖြစ်ကာ  အောက်တိုဘာ လကုန်အထိ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရေကအရမ်းကိုတက်နေပါတယ်ကျွန်တော်အခုကြေငြာပါတော့မယ် ထိုင်းနိုင်ငံရဲ့ နေရာအတော်များများဟာ
ရေမြုနေပါပြီ ကျွန်တော်ကတော့ထိုင်းနိုင်ငံ မဟာချိုင်မှာရှိနေပါတယ် ခိုင်လုံတဲ့သတင်းအချက်လက်များစွာ
ရထားပြီးဖြစ်ပါတယ်မကြာခင်မှာလည်းမဟာချိုကိုဝင်ရောက်မယ်လို လည်းသတင်းတွေရထားပါတယ်
ထိုင်းလူမျိုးများရဲ့ ပြောပြချက်အရတော့စိုးရိမ်နေရပြီး ရှောင်တိမ်းနိုင်ဖို့ လည်းပြင်ဆင်နေကြပါပြီ တချို့ တွေ
ဆိုရင် ဆိုင်တွေပိတ်လို့ ရှောင်တိမ်းသွားကြပါပြီ ရင်နင့်စရာတွေကိုလည်တွေ့ ရပါတယ် အခုဆိုရင် မဟာချိုင်
ရဲ့ အဓိကကုန်တိုက်တွေဖြစ်တဲ့   BIG C , TESSCO LOTUS တွေမှာဆိုရင်ကုန်ခြောက်တွေကိုဝယ်ယူလို့ မရတော့တဲ့အခြေနေရှိနေပါတယ်ဆိုင်တိုင်းလိုလိုကုန်ခြောက်တွေမရှိတော့ပါဘူးတချို့ မြနမာနိုင်ငံသားတွေ
ကတော့ပေါ့ဆစွာနေနေကြပါတယ်ဘာကြိုတင်ပြင်ဆင်မှုမှမလုပ်ထားကြပါဘူး ထပ်ပြီးတော့ပြောချင်တာကတော့ကြိုတင်ညပင်ဆင်မှုတွလုပ်ထားစေချင်ပါတယ် ဒီပိုစ့်ကိုကြိုက်တဲ့နေရာ
ကြိုက်တဲ့ဆီမှာကြိုက်သလိုပြန်လည်မျှဝျေနိုင်ပါတယ်နောက်ထပ်သတင်းတွေကိုလည်းတင်ပေးသွားပါ့မယ်.

1 comment:

  1. တော်တော်စိတ်မကောင်းဖြစ်မိတယ်ဗျာ။ အစ်ကိုခင်မောင်စိုးနှင့်တကွ ထိုင်မှာရှိတဲ့လူအများဘေးကင်းစွာနေထိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်အစ်ကိုရေ။

    ReplyDelete