၁။ရင်သားကြီးလာခြင်း
ယောက်ျားမှာဖြစ်တဲ့ ကင်ဆာက ဘာကြောင့် ရင်သားကြီးရသလဲ။ရင်သားကင်ဆာက မိန်းမမှာမှဖြစ်တာမဟုတ်လား မေးကြမှာပါ။ ရင်သားတစ်ဝိုက်မှာ အကျိတ်ရယ်လို့မသင်္ကာရင် ဆရာဝန်ထံသို့သွားပါ။ဆရာဝန်က သေချာစွာစမ်းသပ်စစ်ဆေးပါလိမ့်မယ်။
၂။နာခြင်း
အစာအိမ်တွေ နာတတ်တယ်။ကိုက်သလိုလို၊ခဲသလိုလိုရှိမယ်။သိပ်တော့မသိသာလှဘူး။နာတာ၊ကိုက်တာဟာ ကင်ဆာတိုင်းရဲ့ ရှေးပြေး
လက္ခဏာလို့ မဆိုလိုသော်လည်း အချို့ကင်ဆာတွေမှာ နာတာနဲ့စတတ်တယ်။ဒီတော့ ဆရာဝန်ထံသို့သာသွားပါ။
၃။ဝှေးစေ့မှာ တစ်စုံတစ်ရာပြောင်းလဲခြင်း
ဝှေးစေ့ကင်ဆာသည် ယောက်ျားတွေမှာ အသက်(၂၀)မှ(၃၉)နှစ်ကြား အဖြစ်များတယ်။ဒီတော့ ဝှေးစေ့များကို ဆရာထံမှာ စစ်ဆေးသင့်တယ်။ဆရာဝန်က ကိုယ်တိုင် ဘယ်လိုစစ်ရမလဲဆိုတာ သင်ပြလိမ့်မယ်။အချို့ ဆရာဝန်တွေဆိုရင်(၁)လတစ်ကြိမ် ကိုယ်တိုင်စစ်ဆေးနည်း လုပ်စေချင်ကြတယ်။
ဝှေးစေ့အရွယ်အစား ပြောင်းသွားတယ်လို့ထင်တာနဲ့တစ်ပြိုင်နက် ကြီးသွားသည်ဖြစ်စေ၊ငယ်သွားသည်ဖြစ်စေ ကင်ဆာအတွက်
သံသယရှိသင့်တယ်။ကပ်ပယ်အိတ်မှာ လေးသလိုလို၊လံသလိုလို ခံစားရရင်ပဲ ဆရာဝန်ထံသွားပါ။အချို့ ဝှေးစေ့ကင်ဆာတွေဟာ အလွန်မြန်ပါတယ်။စောစောသိဖို့ အင်မတန်အရေးကြီးလှတယ်။ဘယ်လောက်သေးသေး အဖုလေးစမ်းမိရင်ပဲ အရေးကြီးပါတယ်။
ဆရာဝန်က လိုအပ်သည်တို့ စစ်ဆေးပါလိမ့်မယ်။
၎။လင့်ကျိတ်များ
ချိုင်းမှာတို့၊လည်ပင်းမှာတို့ အကျိတ်တွေထွက်ရင်၊ပေါင်ခြံအပါအဝင် နေရာမရွေး အကျိတ်ထွက်ရင် ပေါ့လို့မဖြစ်ဘူးနော်။
အကျိတ်ထွက်မယ်၊ကြီးလာမယ်၊(၁)လလောက်ရှိမယ်ဆိုရင် ဆရာဝန်ဆီ ပြေးပေတော့။
၅။ဖျားခြင်း
အဖျားက ကြာပြီ၊မကျဘူး။တငွေ့ငွေ့နဲ့စသည်ရှိတတ်တယ်။အဆုတ်ရောင်လို့ ဖြစ်နိုင်ပါတယ်။ငှက်ဖျားလည်းဖြစ်နိုင်ပါတယ်။အချို့ ကင်ဆာတွေဟာ တစ်ချိန်ချိန်မှာ ဖျားစေတတ်တယ်။
၆။ကိုယ်အလေးချိန်ကျခြင်း
ကိုယ်အလေးချိန်ချပစ်လို့မဟုတ်ဘဲ ကျသွားခြင်းကိုဆိုလိုတယ်။မည်သူမဆို ပိန်ကျသွားဖို့ မလွယ်လှဘူးလို့ ကျွမ်းကျင်သူတစ်ဦးကဆိုလိုတယ်။အချိန်တိုအတွင်းမှာ အကြောင်းမဲ့ ကိုယ်အလေးချိန်(၁၀)ရာခိုင်နှုန်းကျရင် အရေးကြီးပါတယ်။
ဆရာဝန်ထံသို့ သွားသင့်တယ်။
၇။ဗိုက်နာမယ်၊ စိတ်ဓာတ်ကျမယ်
မုန့်ချိုအိတ်ကင်ဆာနဲ့ စိတ်ကျဝေဒနာ အဆက်အစပ်ရှိတယ်လို့ တွေ့ရှိထားကြတယ်။အသားဝါနိုင်မယ်။ဝမ်းအရောင်ဖျော့လိမ့်မယ်။
၈။မောပန်းနွမ်းနယ်ခြင်း
ယောက်ျားတွေမှာ မောပန်းနွမ်းနယ်ခြင်းဟာ ကင်ဆာတစ်ခုခုရဲ့ လက္ခဏာပဲ။သိသာထင်ရှားလှတယ်မဟုတ်သော မောပန်းနွမ်းခြင်းပဲ။
သွေးကင်ဆာတစ်မျိုးမျိုးနဲ့ အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာတို့နဲ့ပိုပတ်သက်တယ်။သိသိသာသာမောမယ်၊နားလို့တောင်မှမပြေးချင်ဘူးဆိုရင် အရေးကြီးတယ်။
၉။ချောင်းဆိုးကြာရှည်ခြင်း
ချောင်းဆိုးတတ်ကြတာ မဆန်းပါ။ အစားမှားလို့၊ အအေးမိလို့၊ အပူရှပ်လို့တစ်ခုခုနဲပမတည့်လို့ စသည်ဖြင့် ချောင်းဆိုးတတ်ကြပါတယ်။
ရက်သတ္တပတ်(၃)ပတ်၊(၄)ပတ်ထက် ပိုကြာရင်တော့ သတိမူသင့်လှတယ်။ ကင်ဆာကြောင့်လည်းဖြစ်နိုင်သလို အခြားနာတာရှည်ရောဂါ အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၁၀။အစာမြိုချခက်ခဲခြင်း
အစပိုင်း အစာမာမာမမြိုနိုင်ဘူး။ဒါနဲ့ တဖြည်းဖြည်း အစာပျော့တာ ပြောင်းစားတယ်။ နောက်တော့ အစာပျော့ပျော့လည်း မမြိုနိုင်ပြန်ဘူး။ဒါလည်းကင်ဆာရောဂါရဲ့လက္ခဏာ ဖြစ်နေတတ်တယ်။
၁၁။အသားအရေပြောင်းလဲခြင်း
နဂိုရှိပြီးသား မှဲ့တစ်ခုခုကကြီးလာတာ၊ အရောင်ပြောင်းလာတာမျိုး၊ထိုပြင် သွေးထွက်လွယ်တာမျိုး၊အရေခွံတွေ ကွာတာမျိုးတွေကိုလည်း အလေးမူအပ်တယ်။
၁၃။သွေးယိုထွက်ခြင်း
တစ်ခါမျှ သွေးမထွက်ဘူးတဲ့နေရာတွေမှ သွေးထွက်ခြင်းကိုဆိုလိုတယ်။အန်ရင်၊ချောင်းဆိုးရင်၊တံတွေးထွေးရင် သွေးပါတာမျိုး၊
ဆီးသွားရင်,ဝမ်းသွားရင် သွေးပါတာမျိုး။
၁၄။ဆီးသွားခြင်းပြဿနာ
ခံတွင်း၊ လျှာ၊ သွားဖုံး စတာတွေ ပြောင်းလဲမှုတစ်ခုခုတွေ့ရပါကလည်း သတိထားရမည်။အဖြူကွက် သဏ္ဌာန်၊အနီကွက်သဏ္ဌန်
တွေ့ရရင်ဖြစ်တယ်။
၁၅။အစာမကြေခြင်း
အမြဲတစေလိုလို၊ မကြာခဏလိုလို အစာမကြေရင် အစာလမ်းကြောင်း၊ လည်ချောင်း၊အစာအိမ် စတာတွေမှာ ကင်ဆာဖြစ်နေမှာ စိုးရိမ်
ရပါတယ်။
အထက်ပါလက္ခဏာ(၁၅)မျိုး သံသယရှိပါက ဆရာဝန်နှင့် အမြန်တွေ့ဆုံပါ။
အမှားပါရင် ခွင့်လွှတ်ပါလို့....
ဒေါက်တာနှင်းဝတီမောင်ဆီမှ ကူးယူတင်ပြသည်။
Melbourne near me Trusted Removalist
7 months ago







ယောက်ျားတွေ သတိမပြုမိတဲ့ ကင်ဆာလက္ခဏာ (၁၅)ချက် ~ ခင်မောင်စိုး ( မွန်ပြည်နယ် ကျိုက္ခမီ ) >>>>> Download Now
ReplyDelete>>>>> Download Full
ယောက်ျားတွေ သတိမပြုမိတဲ့ ကင်ဆာလက္ခဏာ (၁၅)ချက် ~ ခင်မောင်စိုး ( မွန်ပြည်နယ် ကျိုက္ခမီ ) >>>>> Download LINK
>>>>> Download Now
ယောက်ျားတွေ သတိမပြုမိတဲ့ ကင်ဆာလက္ခဏာ (၁၅)ချက် ~ ခင်မောင်စိုး ( မွန်ပြည်နယ် ကျိုက္ခမီ ) >>>>> Download Full
>>>>> Download LINK