Saturday, October 15, 2011

ကွန်ပြူတာ အမြဲ အသုံးပြုနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း မလဲ

ကွန်ပြူတာကို တနေ့ကုန်ကြည်တဲ့သူတွေ မျက်စိအတွက် ဘယ်လိုလေ့ကျင့်ခန်း လုပ်သင့်တဲ့ အချက်တွေ ကိုPlanet journal မှတဆင့် Computer သုံးဆွဲသူများ ဗဟုသုတအဖြစ် မျှဝေတင်ပြပေးလိုက်ပါတယ်။
  နေ၇ာမှန်ပါစေ..
                    သင့်ရဲ့ကွန်ပြူတာ ကီးဘုတ်၊မောက်စ် တို့ကိုနေ၇ာမှန်ထားတတ်ဖို့ အေ၇းကြီးပါတယ်၊သင့်၇ဲ့ကွန်ပြူတာ SCREENဟာ သင့်မျက်လုံးကနေ သင့်၇ဲ့ လက်တစ်လှမ်းစာအကွာ မျက်စီရဲ့(၂၀) ဒီဂရီအောက် နိမ့်နေ၇ပါမယ်။
  အလင်းေ၇ာင်..
                      သင့်အခန်းတွင်း အလင်းေ၇ာင်ပျံနှံပါစေ။ဒါမှကွန်ပြူတာ SCREEN မှလာသော အလင်းပြန်မှူကို လျော့ကျစေမှာဖြစ်တယ်။ကွန်ပြူတာ SCREEN အား သင့်မျက်လုံးနှင့်သင့်တော်သော အလင်း၊အမှောင် ချိန်ပေးရန်။ကွန်ပြူတာ အမြဲသုံးနေသူများ Anti-reflective lenses ပါသောမျက်မှန်ကို အသုံးပြု သင့်သည်။ကွန်ပြူတာ နှင့် အလုပ်လုပ်နေသူများ မီနစ်(၂၀)လောက်ကြာတိုင်း ခေါင်းကို ခဏဘေးသို့လှည်ပြီး ပေ(၂၀)လောက်ဝေးတဲ့ အ၇ာတစ်ခုခုကိုကြည့်ပါ။ဒီနည်းလမ်းဟာ သင့်၇ဲ့ ပင်ပန်းနေတဲ့မျက်လုံးကို သက်သာ၇ာ၇စေပါတယ်။နောက်ပြီး အခါ(၂၀)လောက် မျက်စီ ကို ပိတ်လိုက်၊ဖွင့်လိုက် လုပ်ခြင်းဖြင့် မျက်စီစိုစွတ်ခြင်းကို၇ယူပါ။ပြီး၇င် ထိုင်ခုံမှထပြီး ခြေလှမ်း(၂၀)လောက်လျှောက်ခြင်းဖြင့် သွေးလည်ပတ်ပါစေ။မျက်စဉ်း ခတ်ပေးပါ။လူတယောက်ဟာ တစ်မိနစ် အတွင်းပုံမှန် (၁၂)ခါ မျက်တောင်ခတ်ကြပါတယ်။ဒါပေမဲ့ ကွန်ပြူတာနဲ့ အလုပ်လုပ်နေ၇င် ငါးခါလောက်သာ မျက်တောင်ခတ်တာသင်သတိထားမိပါသလား။အကျိုးဆက်အနေဖြင့် မျက်စီ ခြောက်ကပ်စေပါတယ်။ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်းခတ်ပေးနိင်ပါတယ်။
  လက်ဖ၀ါးအုပ်ခြင်း..
                           ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်၇ဲ့လက်ဖ၀ါးနှစ်ခုကို နွေးလာသည်အထိ ပွတ်ပေးပါ။ထိုနွေးနေသော လက်ဖ၀ါးနဲ့ သင့်၇ဲ့မျက်စီနှစ်ဖက်ကို တစ်မိနှစ်ခန့် ဖုံးအုပ်ပေးပါ။ သင့်မျက်စီ ညောင်းကိုက်၊ပင်ပန်းလာတိုင်း နှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်ပေးပါ။ထိုလက်ဖ၀ါးမှလာသော နွေးထွေးမှူသည် သင့်ရဲ့ပင်ပန်းနေသော မျက်စီကို သက်သာစေပါတယ်။
  မျက်နှာသစ်ခြင်း..
                           အားတဲ့အချိန်မှာ မျက်စီမှိတ်ပြီးေ၇အေးအေးဖြင့်မျက်နှာသစ်ပေးပါ။အင်မတန် လန်းဆန်းခြင်းကို ခံစား၇ပါတယ်။
  လက်ဖက်ခြောက်ထုပ်..
သောက်ပြီးသား လက်ဖက်ခြောက်ထုပ်ကလေးများကို လွှင့်မပစ်ပဲေ၇ခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျ၇င် ထိုလက်ဖက်ခြောက် အထုပ် နှစ်ထုပ်ကိုသင့်မျက်စီတဖက်စီတွင်တင်ပြီး အနားယူပါ။မျက်စီကို အေးမြစေပါတယ်။ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ  ပိုစားပေးပါ။

0 comments:

Post a Comment