Tuesday, October 4, 2011

အိမ်ရှင်အမျိုးသမီးက အသက် ၁၀ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . .

စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
       ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက် (၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ အိမ်ကူကလေးငယ်
ကို အိမ်သန့်ရှင်းရေးပြုလုပ်ရာ၌ စိတ်တိုက်ကြခြင်းမရှိ၍ ကလေးငယ်အား မျက်နှာတွင်ဖူးယောင်ဒဏ်ရာများနင့် ဦးခေါင်းနောက်ဘက်တွင်ကွဲ ရှဒဏ်ရာများရရှိသည်အထိ ရိုက်နှက်ခဲ့ပြီး ရေနွေးပူဖြင့် လောင်းချခဲ့ခြင်းဖြစ်သည်။
       အဆိုပါကလေးငယ် ရိုက်နှက်ခံနေရကြောင်းကို ပတ်ဝန်းကျင် နေသူများမှ ရပ်ကွက်အုပ်ချုပ်ရေမူးရုံးသို့ဖုန်းဆက်တိုင်ကြားခြင်းကြောင့်
တာဝန်ရှိသူများက ကလေးငယ်နှင့်အိမ်ရှင်အမျိုးသမီးကို စမ်းချောင်းမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်းသိရသည်။
ယင်နောက် အဆိုပါကလေးငယ်အား ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ဆက်လက်
ပို့ဆောင်ရန်လိုအပ်သောကြောင့် စမ်းချောင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ပို့ဆောင်ပေး၍ လိုအပ်သည့်
ဆေးကုသမူများကို လုပ်ဆောင်စေခဲ့ကြောင်းသိရသည်။
       လက်ရှိအချိန်တွင် ရန်ကုန်ကလေးဆေးရုံကြီး တွင်ဆေးကုသမူခံယူနေသည့် မစန်းမိုးမိးက "အိမ်သန့်ရှင်းရေးလုပ်တာ မပီသလို့ဆိုပြီး သမီးကိုရိုက်တယ်၊ ပြီးတော့ ရေနွေးပူနဲ့လောငးတယ်။ အိမ်မှာ သမီးနဲ့ အိမ်ရှင်အစ်မနဲ့ နှစ်ယောက်ထဲနေရတာပါ။ ဘရားခန်းနဲ့ တစ်အိမ်းလုံး
ကိုသန့်ရှင်းရးလုပ်ရတယ်။ အရင်ကလည်း အစ်မက စိတ်ဆိုးတိုင်းသမီးကိုရိုက်တယ်" ဟုပြောပြပါသည်။

       အဆိုပါကလေးငယ်မှာ ဧရာဝတီတိုင်းဒေသကြီး ၀ါခယ်မမြို့မှလာရောက် လုပ်ကိုင်နေသူဖြစ်ပြီး၊ ဦးဖီးလမ်းရှိ နေအိမ်၌ လုပ်ကိုင်နေ

သည်မှာလေးလခန့်ရှိပြီဖြစ်ကြောင်းသိရသည်။ ယခုကဲ့သို့ ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးအား စမ်းချောင်းမြို့နယ်ရဲစခန်းတွင် (ပ) /

/၃၄၅/၂၀၁၁ ပြစ်မူဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆၊ ကလေးငယ် ဥပဒေပုဒ်မ၆၆ (ဃ)ဖြင့်အမူဖွင့်ဆောင်ရွက်ထားကြောင်း

သိရသည်။

0 comments:

Post a Comment