Wednesday, October 5, 2011

မြန်မာလုံခြုံရေးဝန်ထမ်းတစ်ဦးမှ၈ထပ်အမြင့်တိုက်ပြူတွင်းပေါက်မှမတော်တစ်ဆပြုတ်ထွက်ကျသည့် ကလေးငယ်တစ်ဦးအားကယ်တင်ရန်ကြိုးစား”

ဒူဘိုင်း
လုံခြုံရေးဝန်ထမ်းတစ်ဦး မှ ၈ထပ်အမြင့်တိုက်ပြူတွင်းပေါက်မှ မတော်တစ်ဆပြုတ်ထွက်ကျသည့် ယောက်ျားလေး
ကလေးငယ်တစ်ဦး အားကယ်တင်ရန်ကြိုးစားရင်း လက်မောင်းထိခိုက်ခဲ့သော်လည်း အချေအနေမဆိုးရွားဟုဆို။
ရာရှစ် ဆေးရုံမှထုတ်ပြန်ပြောကြားချက်အရ မြန်မာလူငယ်တစ်ဦးမှ ကလေးပြုတ်ကျလာသည်ကို တွေ့လိုက်ရ၍
၎င်းလက်ကိုထုတ်ကာ ဖမ်းရန်ကြိုးစားသည်ကို အထင်အရှားတွေ့လိုက်ကြရကြောင်း။
သို့သော်လည်းကံမကောင်းစွာ ကလေးကိုဖမ်းမမိနိုင်ခဲ့ကြောင်းသိရှိ့ရပါသည်။

“သူ့ လက်မောင်းဟာယောင်ကိုင်းနေပြီး သူ့ခေါင်းမှာလည်းအနည်းငယ်ဒဏ်ရာရလိုက်ပါတယ်” ဟု
ဆေးရုံပြောရေးဆိုခွင့် ပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။ အဆိုပါ လုံခြုံရေးဝန်ထမ်းအနေနဲ့ သူ့ကုမ္ဂဏီ မှ
ခွင့်ပြုချက်မရမချင်း သတင်းသမားတွေနဲ့ စကားပြောဖို့ဆန္ဒမရှိပါဘူးလို့လည်း ၄င်းတာဝန်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

“သူဟာဒီကနေ့ (အင်္ဂါနေ့) မှာပဲဆေးရုံကနေ ဆင်းခွင့်ရဖို့ရှိပါတယ်” လို့ အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ အဲဒီငါးနှစ်သား ကလေးငယ်ပြုတ်ကျသေဆုံးခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ ကလေးငယ်ရဲ့
မိခင်ဟာ သူ့သားငယ် ပြုတ်ကျသေဆုံးသွားခဲ့တဲ့ အဲဒီ ၈ ထပ် ပြူတွင်းပေါက်ကနေပဲ ခုန်ချပြီး သူ့ကိုယ်သူအဆုံး
စီရင်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အာရ် ရပ်ကွက်အစု ထဲက အဆောက်အဦး အမှတ် မက်ဂ် ၂၁၄  မှ ဂျမ်မေရာ လိတ်ခ်
အထပ်မြင့် အဆောက်အဦးမှာ မနက် ၇ နာရီလောက်မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာတော့ အထပ်မြင့်အဆောက်အဦးတွေမှ ကလေးတွေအတွက် အန္တရာယ်စိတ်ချလုံခြုံရေး
အတွက် ဒီဖြစ်ပွါးမှုကနေ ပူပန်မှုတွေကို တိုးပွားသွားစေပါတယ်။

(မြန်မာလိုအဆင့်သင့်ပြန်ဆိုပေးထားတာကို ရှာလို့မတွေ့သေးလို့ မြန်မာတွေအတွက် ဂုဏ်ယူစရာသတင်းလေးမို့ လို့
သိစေချင်လို့ ကျိုးစားဘာသာပြန်ပေးထားတာပါ။
တိုက်ရိုက်မဟုတ်ပါ။
ဖတ်ရတာအဆင်ပြေအောင် တတ်သလောက်လေး ကြိုးစားထားတာပါ
(လွဲချော်မှုရှိခဲ့ရင် ခွင့်လွှတ်ပေးပါရန်)

လေးစားလျက်
ကိုထူးဆန်း

အပြည့်အစုံဖတ်လိုသူများ အောက်ပါလင့်မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

http://gulfnews.com/news/gulf/uae/crime/guard-hurt-trying-to-save-f...

Guard hurt trying to save falling boy
Twin tragedy raises safety issues in high-rise buildings

  • By Mahmood Saberi, Senior Reporter and Shveta Pathak, Staff Reporter
  • Published: 00:00 September 28, 2011

 
ကလေးငယ်နှင့်သူ့မိခင်တို့ ပြုတ်ကျသေဆုံးခဲ့သော Jumeirah Lake Towers မှ MAG 214 အဆောက်အဦရှေ့ တွင်
ရဲများနှင့် လမ်းသွားလမ်းလာများ စုဝေးနေကြပုံ    
(ဓါတ်ပုံမှတ်တမ်းတင်သူ Karen Dias/Gulf News)

0 comments:

Post a Comment