Sunday, October 2, 2011

ကမ္ဘာ့ဝမ်းနည်းကြေကွဲဖွယ်ရာ ဓါတ်ပုံများ

မင်္ဂလာပါဗျာ …
ကမ္ဘာပေါ်က ရှိရှိသမျှသတ္တဝါတွေထဲမှာ လူတွေဟာ ဥာဏ်ပညာအရှိဆုံးဖြစ်ပါတယ်။ အဲ့ဒီဥာဏ်ပညာတွေနဲ့ပဲ
လူတွေက လောကကြီးကို  အလှတွေဆင်ထားသလို ၊ လူတွေကပဲ အဲဒီအလှတရားကို ပြန်ပြီး ဖျက်ဆီး နေကြ
ပါတယ်။ အခု ကမ္ဘာ့ဝမ်းနည်းကြေကွဲဖွယ်ရာ ဓါတ်ပုံများကို ရှာဖွေစုဆောင်းထားမိသမျ  ပြန်လည်တင်ပြ
ပေးလိုက်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

sad photo02 Saddest Pictures In The World! Peoples Cruelty!
၂၀၀၄ ခုနှစ်က၊ အီရတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်-အီရတ် စစ်ပွဲအတွင်း အီရတ်နိုင်ငံ Abu Ghriab
အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေကို အမေရိကန်စစ်သားတွေက ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ
ညဉ်းပန်းနှိပ်စက်မှုများပြုပြီး အမှုတွေကို စစ်ဆေးဖော်ထုတ်နေတဲ့ပုံဖြစ်ပါတယ်။
ဒီဓါတ်ပုံပေါ်ထွက်လာခြင်းကြောင့် တစ်ကမ္ဘာလုံးလည်း အံ့အားသင့်ခဲ့ရပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

sad photo03 Saddest Pictures In The World! Peoples Cruelty!
အာဖဂန်နစ္စတန်က ဒုက္ခသည်စခန်းမှာ မုန်းတိုင်းကျလို့ ပုန်းနေတဲ့ ဒုက္ခသည်ကလေးငယ်တစ်ယောက် ပုံပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


sad photo05 Saddest Pictures In The World! Peoples Cruelty!
၁၉၆၇ ခုနှစ်မှာ နိုက်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Ibgos နယ်ဟာ နိုက်ဂျီးရီးယားပြည်ကြီးက နေ ခွဲထွက်ပြီး
ကိုယ့်နိုင်ငံကိုယ်ထူထောင်ကာ ငြိမ်းချမ်းရေးကြေငြာခဲ့ပါတယ်။ အဲ့လိုခွဲထွက်ပြီးသည့်နောက် နိုက်ဂျီးရီးယားက
စားနပ်ရိက္ခာပို့တာတွေ ဖြတ်တောက်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား သုံးနှစ်ကြာ စစ်ပွဲဖြစ်ပွားကာ လူပေါင်း ၁ သန်း
ကျော် အသက်ဆုံးရှုံးခဲ့ရပြီး အများစုကတော့ အစာရေစာ ငတ်ပြတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ စားနပ်ရိက္ခာ
ရှားပါးမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဟာလည်း လိုအပ်တဲ့အဟာရအစားအစာတွေ
မစားရလို့ ရောဂါပေါင်းစုံဖြစ်ပွားပြီး ကျန်းမာရေးတွေ ချို့တဲ့ခဲ့ကြရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

sad photo08 Saddest Pictures In The World! Peoples Cruelty!
ဗီယက်နမ်နိုင်ငံမှာ ပြန်လည်ပြုပြင်ပြောင်းလဲခြင်းတွေ နှေးကွေးလို့ ရွေးကောက်ပွဲ တစ်ဖန် ပြန်လည်ကျင်းပရန်
မဟာယန ကိုယ်တော်တွေက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြတဲ့ ကိုယ်တော်တွေကို တောင်ဗီယက်နမ်အစိုးရက
အပြင်းအထန်နှိပ်ကွပ်လို့ ကိုယ်တော်တစ်ပါးက Saigon ဒေသ လမ်းမကြီးတစ်ခုပေါ်မှာ ကိုယ့်ကိုယ်ကို
ဓါတ်ဆီလောင်း၊ မီးရှို့ပြီး ကန့်ကွက်နေတဲ့ပုံပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


sad photo13 Saddest Pictures In The World! Peoples Cruelty!
လူမည်း ၂ယောက်က အဖြူမတစ်ယောက်ကို မုဒိန်းကျင့်ရုံမက သူ့ရည်းစားကိုပါ သတ်လို့ ထောင်ကျသွား
ပါတယ်။ ထောင်ထဲမှာရှိနေစဉ် လူဖြူ အယောက်တစ်သောင်းကျော်ခန့်က အတင်းအဓမ္မ အင်အားသုံးပြီး
ထောင်ထဲအထိဝင်ကာ ထိုလူမည်း ၂ ယောက်ကို ခေါ်ထုတ်ပြီး သစ်ပင်ပေါ်မှာ ကြိုးပေးခဲ့ပါတယ်။
ဓါတ်ပုံကတော့ ၁၉၃၀ ခုနှစ်က ရိုက်ခဲ့တာပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

sad photo10 Saddest Pictures In The World! Peoples Cruelty!
တောင်ဗီယက်နမ် ရဲအုပ်ကြီး Nguyen Ngoc Loan က Viet Cong သူပုန် အဖွဲ့ခေါင်းဆောင်လို့ ယူဆရတဲ့
အကျဉ်းသား တစ်ယောက်ကို ပစ်သတ်နေတဲ့ပုံပါ ။ အဲ့ဒီကိစ္စဖြစ်ပြီးနောက် ပြည်တွင်း စစ်ပွဲလည်း
ဖြစ်ပွားခဲ့ပါတယ်။ ဒီဓါတ်ပုံရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာက Eddie Adams ဖြစ်ပြီး Pulitzer ဓါတ်ပုံဆု ရရှိခဲ့ပါတယ် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

sad photo16 Saddest Pictures In The World! Peoples Cruelty!
ဆူဒန်ကလေးငယ်တစ်ယောက်ကို လင်းတတစ်ကောင်က မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ပုံဖြစ်ပါတယ်။
ကလေးငယ်က အစားအစာမစားရလို့ သေခါနီးအချိန်မှာ လင်းတက အစားကောင်းစား ရတော့မယ်ဆိုပြီး
စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
ကလေးငယ်က အစားစားရဖို့အတွက် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာထောက်ပံ့ရေးစခန်းဆီ သွားနေခဲ့တာပါ ။
ဓါတ်ပုံဆရာကလွဲရင် သူ့ကို ဘယ်သူမှ မသိခဲ့ကြဘူး ။ ဒီဓါတ်ပုံလေး ရဖို့အတွက် ဓါတ်ပုံဆရာက နာရီပေါင်းနဲ့
ချီပြီး အချိန်ပေးခဲ့ရပါတယ်။ ဓါတ်ပုံက တစ်နှစ်တာ အကောင်းဆုံး Pulitzer Prize ဆုရခဲ့ပါတယ်။ ဒါပေမယ့်
ဒီဓါတ်ပုံရိုက်ပြီး သုံးလကျော်မှာ ဓါတ်ပုံဆရာက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။

0 comments:

Post a Comment