ရိုက်တာသတင်းဌာန ဖောင်ဒေးရှင်းရဲ့ လူထုသဘောထား စစ်တမ်းအရ အာဖဂန် နစ္စတန်၊ ကွန်ဂိုနှင့် ပါကစ္စတန်နိုင်ငံတွေဟာ အမျိုး သမီးများအတွက် အန္တရာယ် အရှိဆုံး နိုင်ငံတွေ ဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ အမျိုးသမီးတွေအပေါ် မတရားနှိပ်စက် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ အဓမ္မကျင့်မှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ် နေမှုကြောင့် ဂုဏ်သိက္ခာ ညှိုနွမ်းစေတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့လည်း စိတ် ပျက်စရာတွေ ဖြစ်လာပါတယ်။ အမျိုးသမီးတွေအတွက် အန္တရာယ် အရှိဆုံး နိုင်ငံကတော့ အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပြီး အာဖဂန် အမျိုးသမီးတွေမှာ ကလေးမွေး ဖွားစဉ် ၁၁ ဦးမှာ ၁ ဦး သေဆုံးနေကြပါတယ်။ အမျိုးသမီး ၈၇% ဟာ စာမတတ်တဲ့သူတွေဖြစ်ပြီး မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ၈၀ % နဲ့အထက်ဟာ လက်ထပ်ဖို့ ဖိအားပေးခြင်း ခံရသူ တွေဖြစ်ပါတယ်။
ဒုတိယ အန္တရာယ်အရှိဆုံးကတော့ ကွန်ဂိုဒေသပဲဖြစ်ပါတယ်။ ကွန်ဂိုမှာ နှစ်စဉ် အမျိုးသမီး ၄၂၀,၀၀၀ အဓမ္မပြုကျင့်ခံနေရပြီး အမေရိကန်ပြည်သူ့ကျန်းမာရေးဂျာနယ်မှ ဖော်ပြ ထားချက်အရ ခန့်မှန်းခြေ တစ်နေ့ကို ၁,၁၅၀ ၀န်းကျင်လောက် ပြုကျင့်ခံရတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၅၇% ဟာ သွေးအား နည်းနေတဲ့ သူတွေလည်း ဖြစ်နေ ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ တတိယ အန္တရာယ် အရှိဆုံး နိုင်ငံပဲ ဖြစ်ပါတယ်။ ပါကစ္စတန် အမျိုးသမီးတွေဟာ ထိခိုက်နစ်နာစေ တဲ့ ယဉ်ကျေးမှု၊ မျိုးနွယ်စု (သို့မဟုတ်) ဘာသာ ရေး လေ့ကျင့်မှု စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီထဲမှာ ကလေးငယ်တွေဟာ အင်အားသုံး လက်ထပ်စေခိုင်း ခံရသူတွေပါဝင်ပြီး အမျိုးသမီး ၉၀ % ဟာ လှောင်ပြောင်သရော်မှု၊ ညှင်းပန်းနှိပ် စက်မှုနဲ့ အဓမ္မပြုကျင့်မှု စတဲ့ ပြည်တွင်းအကြမ်း ဖက်မှုတွေကို ခံနေကြရပါတယ်။အိန္ဒိယနိုင်ငံမှာတော့ လူဦးရေ သန်း ၁၀၀ မှာ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေဟာ အများဆုံးက လူကုန်ကူးမှုကြောင့် ဒုက္ခရောက်ရ သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်း က ကလေးဖျက်ချသူ အမျိုးသမီး သန်း ၅၀ ရှိတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ များ သောအားဖြင့် မိန်းကလေး ၂ ဦးမှာ ၁ ဦး (ရာခိုင်နှုန်းအားဖြင့် ၄၄.၅ %) က အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြတာကို တွေ့ရပါ တယ်။
ဆိုမာလီမှာကတော့ အသက် ၄ နှစ်နဲ့ ၁၁ နှစ်ကြား မိန်းကလေး ၉၅% ဟာ အမျိုးသမီးလိင်အင်္ဂါနဲ့ ပတ်သက်တဲ့ ကိုယ်အင်္ဂါ ချို့ယွင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၉ % သာလျှင် ကျန်းမာပြည့်စုံတဲ့ကလေးကို မွေးဖွားနိုင် တယ်လို့ သိရှိရပါတယ်။








0 comments:
Post a Comment