အိန္ဒိယနိုင်ငံအတွင်း အချို့သော မိဘ များသည် ၎င်းတို့၏ သမီး မိန်းကလေးများကို ယောက်ျားလေး အဖြစ်သို့ ပြောင်းလဲပေးလျက် ရှိသည်။ ထိုသို့ ပြောင်းလဲပေးနိုင်ရေးအတွက် ပေါင်ငွေ (၂,၀၀၀) ကုန်ကျသည်ဟုလည်း သိရ သည်။ ရုပ်သွင်ပြင် ခွဲစိပ်ခြင်းနှင့် ဆိုင်သည့် ပလပ်စတစ် ဆာဂျရီနည်းဖြင့် ယောက်ျားလေး အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်သည်။
အမျိုးသမီးငယ် (၃၀၀) ကျော်တို့သည် အမျိုးသားအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်ဟု မက် ယာပရာဒက်ရှ် အစိုးရ၏ ဖော်ပြချက်များအရ သိရှိရသည်။ အမျိုးသားအဖြစ်သို့ ခွဲစိပ်ခြင်းနည်း လမ်းဖြင့် ပြောင်းလဲကြရခြင်း၏ အကြောင်းရင်းမှာ အရွယ်ရောက်သည့် အမျိုးသမီးတစ်ဦး ဖြစ်လာ ပါက ထိမ်းမြားလက်ထပ်သည့်အခါ ထုံးစံအရ မင်္ဂလာကုန်ကျစရိတ်ကို သတို့သမီးဖက်က ပေးရ မည်ဖြစ်သလို၊ သတို့သားအား သတို့သမီးဘက် က ဥစ္စာပစ္စည်းများ ပေးအပ်တင်တောင်းသည့် အလေ့အထရှိနေသောကြောင့် ဖြစ်သည်။
အဆိုပါ ကုန်ကျစရိတ်များကို ပေးရန် ကြောက်ရွံ့ကြသည့်အတွက်ကြောင့် အမျိုးသား အဖြစ်ကို ပြောင်းလဲကြခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းလုပ်ရပ်ကို ဆန့်ကျင်သူများလည်း ရှိနေကြပြီး ကလေးသူငယ်နှင့် အမျိုးသမီးများ အခွင့်အရေး လှုံ့ဆော်သူများကလည်း အဆိုပါ လုပ်ရပ်ကို ဆန့်ကျင်လျက်ရှိကြောင်း သိရသည်။
လူမှုရေး သုတေသနဗဟိုဌာနမှ ရာဂျာနာကုမာရီ က အမျိုးသားအဖြစ် ပြောင်းလဲသည့်လုပ်ရပ်ကို “လူမှုရေးဆိုင်ရာ မိုက်မဲရူးသွပ်မှု ” ဟု အမည်တပ် လိုက်သည်။
အမျိုးသားအဖြစ်သို့ ပြောင်းလဲလိုက် သည့်ဖြစ်ရပ်များအတွက် စုံစမ်းစစ်ဆေးမှုများ ပြု လုပ်ရာတွင် ခွဲစိပ် ပြုပြင်ပေးသည့် ဆရာဝန်များ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ဖြေရှင်းချက်များလည်း ထွက်ပေါ်လာသည်။
ကလေးသူငယ်များသည် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မွေး ဖွားလာနိုင်သည့် မှန်ကန်သော လက္ခဏာရပ်ဖြစ် သည်ဟု ပြောဆိုကြသည်။ အိမ်ထောင်စုအတွင်း ယောက်ျားလေးတစ်ယောက် ရရှိရန်အတွက် လှည့်ကွက်အဖြစ် ပြောဆိုမှုများလည်း ဖြစ်နိုင် သည်ဟု ဖော်ပြကြသည်။
အိမ်တွင်းမှုရေးရာတွင် အမျိုးသမီးတစ်ဦးဘ၀ကို ပိုင်ဆိုင်လာရခြင်း၏ စိတ်ပိုင်းဆိုင်ရာ ထူးခြားပေါ်လွင်မှုများလည်း ရှိ သည့်အတွက် အမျိုးသမီးများကို ငွေကြေးနှင့် အလုပ်အကိုင်အတွက် လိုအပ်သည့် အထောက် အပံ့လည်း ပေးသင့်သည်ဟု ရာဂျနာကုမာရီက ညွှန်ပြပြောဆိုသွားခဲ့သည်။








0 comments:
Post a Comment