IRON CROSSရဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ လေးဖြူကိုတွေ့ဖြစ် ခဲ့တဲ့အခါ “နှစ်ပေါင်း ၂၀ အတွင်း မှာ IRON CROSSရဲ့ ဖြစ်တည်မှု ကို ကြည့်ပြီးတော့ ကြိုတင် ကြံစည်မှုလို့ ထင်ယောင် မှားကြပါတယ်။ အမှန် ကတော့ ကျွန်တော်တို့က ရည်ရွယ်ချက် နဲ့တွေ့ဆုံ ခဲ့ကြ တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးက ညီအစ် ကို တွေပါပဲ။ အချိန်မရွေး အိမ်ပေါ် တက်ပြီး ထမင်းစား လို့ ရသလို အချိန်မရွေး ၀င်အိပ် လို့လည်း ရတယ်။ နှစ်ပေါင်း များစွာ စတူဒီယို တစ်ခုတည်းမှာ အတူတူ နေခဲ့ ဖူးတယ်။ ကျွန်တော်တို့ က မွေးချင်း ညီ အစ်ကို ထက် သံယောဇဉ် ကြီးကြတယ်။ အငဲ နဲ့ ကျွန်တော်နဲ့ ကတော့ သားချင်း ပေါ့။ မျိုးကြီးနဲ့ ၀ိုင်းဝိုင်း ကျတော့ ညီအရင်း တွေလိုပါပဲ။ ကျွန်တော်တို့ က ရည်ရွယ်ချက် နဲ့ ရအောင် တွေ့ဆုံပြီးတော့ ရအောင် ဆက် စပ် ယူထား ကြတာ မဟုတ်ပါဘူး။ ဒီကြား ထဲမှာ လူမသိ တဲ့ ပြဿနာ တွေ လည်း အများကြီး ရှိခဲ့ ပါတယ်။ အချင်းချင်း ထိုးကြ တာတွေ တောင်ဖြစ်ဖူးတယ်။ အဲဒီလိုမျိုးက ၁၀ နှစ တစ်ခေါက် လောက်ဖြစ် ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လှည့်မကြည့် ချင် လောက် အောင်ဖြစ်သွား ပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက် ပေါ့”ဆိုပြီး IRON CROSS ရဲ့ ဖြစ်တည်မှု ကိုဆို ပါတယ်။
IRON CROSSရဲ့ မျိုးဆက်သစ် တွေရော မွေးထုတ်ဖို့ ရှိလားဆိုတဲ့ မေးခွန်းကို လေးဖြူက “တတ်နိုင် သမျှ ပွဲတွေမှာ လက်တွဲ ပြီးတော့ ဆိုနေ ပါတယ်။ အခုထိ တော့ စိတ်ကြိုက် မတွေ့ သေးပါဘူး။ ကျွန် တော် တို့ အနေနဲ့ ကြိုပြီးတော့ ဘယ်သူ့ ခေါ်ထားမယ်၊ ဘယ်သူ့ ဆွဲထားမယ် ဆိုပြီးတော့ မရှိ ပါဘူး” လို့ ဖြေ သွား ခဲ့ပါတယ်။
Melbourne near me Trusted Removalist
1 year ago







0 comments:
Post a Comment